ကိုကို့ကိုသူငယ်ချင်းတချို့က
"မင်းအဖေကို မမှီသေးပါဘူးကွာ"ဟုစနောက်တတ်တာကို
hannie ကြားဖူးသည်။ရုပ်ချင်းတူသည်ဆိုပေမယ့်
ကိုကိုနဲ့ဦးရဲ့အပြောအဆို အမူအကျင့်တွေကဆီနဲ့ရေပါ။
ကိုကိုက hannie ကိုအမြဲဆူပူမာန်မဲတတ်ပေမယ့်
အရမ်းအလိုလိုက်ဂရုစိုက်သည်။ပျော်ပျော်နေတတ်ပြီး
လူတိုင်းအပေါ် စနောက်ရယ်မောနေတတ်သည်။
ဦးကမြင်လိုက်ရတိုင်း ခပ်တည်တည်မျက်နှာက
တစ်လောကလုံး သူ့လက်အောက်မှာရှိနေသလို
အထက်စီးဆန်ဆန်။ကိုကိုပျော်နေရင် စိတ်ဆိုးနေရင်
သိသာသလောက် ဦးဘာဖြစ်နေလဲ ဘာခံစားနေရလဲ
ဘယ်တော့မှ ခန့်မှန်းမရပေ။ကိုကို့ကိုလည်း သားလေးတစ်ယောက်တည်းရှိတာဆိုပြီး
ရောရောနှောနှောမနေ။ကိုကိုက သူ့အဖေသူ့ကိုချစ်ကြောင်း
ခဏခဏပြောတတ်ပေမယ့် hannie ကတော့ဖေကြီးနဲ့
မေမေ hannieကိုချစ်သလောက် ကိုကို့အဖေက ကိုကို့ကို
မချစ်ဘူးဟုထင်သည်။သားလုပ်တဲ့သူကိုတောင် စကားသိပ်မပြောတတ်သည့်ဦးက များများစားစားပြောတဲ့သူဆိုလို့
ဖေကြီးတစ်ယောက်ပဲရှိသည်။ဒါတောင် အသံကျယ်ကျယ်
ကြီးနဲ့ရယ်တတ်သောဖေကြီးရဲ့ရယ်မောသံစကားသံများနောက်မှာ ဦးကအနည်းအကျဉ်းပြန်ပြောနှုတ်ခမ်းတွန့်ရုံ
ပြုံးတာလောက်သာ လုပ်တတ်သည်။ဖုန်းပြောရင်း အိတ်ထဲကFile တွေထုတ်ကြည့်နေသည့်ဦးကိုမြင်လျှင် hannie ကိုကို့ကိုဦးနဲ့တိုင်လိုက်ရင်
ကောင်းမလားဟု တွေးမိ၏
ဟုတ်တယ်...ကိုကိုရည်းစားထားနေပြီဆိုတာကို
ဦးနဲ့တိုင်ပြောလိုက်မယ်...။ဦးက ကိုကို့ကိုဆူရင်
ကိုကိုကဦးကိုဒီလောက်ကြောက်တာ ဦးဆူလိုက်တာနဲ့
ကိုကိုချက်ချင်း နောက်ဆုတ်ရမှာ...။"ဦး...ဦး"
ဦးသည် ဖုန်းထဲက လူအားခေါင်းညိတ်အင်းချရင်း
File တွေလှန်လှောနေရာမှ hannie ကိုမော့တောင်မကြည့်ဘဲ အပေါ်ကိုလက်ညိုးညွှန်ပြ၏
ကိုကိုအပေါ်မှာရှိတယ်လို့ ပြောချင်တာ။
hannie အပေါ်ကိုတစ်ချက်မော့ကြည့်ကာ
ပေကပ်ကပ်လေးလုပ်နေရင်း ...
"ဦးဟိုလေ...ကိုကိုရယ်လေ..."
"သားအပေါ်မှာ hannie"
ဖုန်းပြောရင်းမော့ကြည့်၍ စကားဖြတ်ပြောကာဆက်လက်
အလုပ်ရှင်းပြနေသောအခါ hannie စကားဆက်မပြောရဲတော့ပေ။ဦးသိမှာ ဂရုစိုက်မှာမဟုတ်ပေမယ့် hannie
ခြေဆောင့်စိတ်ကောက်ပြီးလှည့်ထွက်လာခဲ့သည်။
လှေခါးပေါ်တက်လာရင်း ပြန်ငုံ့ကြည့်မိလျှင်
ဦး နေရာမှထထွက်သွားပြီး ရုံးသွားရန်အိမ်ရှေ့ထွက်သွားပြီ
ဖြစ်တယ်။သွားပါပြီ...ဦးကိုတိုင်လို့မရတော့ဘူး...။
ဒါဆို ကိုကိုကသူ့ရည်းစားဆီသွားတော့မှာ...။ဘာပဲဖြစ်ဖြစ် ဒီနေ့ကိုကိုရည်းစားနဲ့တွေ့မယ့်ကိစ္စကို
မရရအောင်တားဖို့ဆုံးဖြတ်ရင်း hannie ကိုကို့အခန်းတံခါး
ကိုခေါက်ဖို့လက်ရွယ်လိုက်စဉ် အခန်းတံခါးပွင့်သွား၏
အလွန်သန့်ပြန့်သားနားစွာ ဝတ်စားလျက်ကြည့်အကောင်းကြီး
ကောင်းနေသည့်ကိုကို့အား တွေ့လိုက်သည်နှင့်တစ်ပြိုင်နက်
မွှန်ထူကြိုင်လှိုင်နေသည့်ရေမွှေးနံ့ က hannie ကိုအရင်ဆုံးလာနှုတ်ဆက်၏ ပြုံးရွှင်တတ်ကြွနေသည့် ကိုကို့မျက်နှာ
ကိုမြင်လိုက်သည်နှင့် လငပုတ်ဖမ်းသလိုညိုပုတ်သွားသည်။"စောစောစီးစီး ဘာလာရှုပ်ပြန်ပြီလဲ..."
"hannie လည်းလိုက်မယ်"
"ဘာ..."
ကိုကို့မျက်နှာတည်တင်း စူပုတ်သွား၏
hannie ဖျက်ခနဲကိုကို့လက်ကကားသော့ကိုဆွဲလုပြီး
အောက်ထပ်ပြေးဆင်းလာခဲ့သည်။
"ဟိတ်...hannie၊မလိုက်ရဘူး...ကားသော့ပြန်ပေးစမ်း"
Junhan hannieနောက်ကအလန့်တကြားပြေးလိုက်မိသည်။ထင်သည့်အတိုင်းပင် hannie သူ့ကားပေါ်
တက်ထိုင်နေ၏...
မဖြစ်ဘူး....ဒီကောင်လေးပါလို့မဖြစ်ဘူး...
"hannie ဘာလုပ်နေတာလဲ၊အောက်ဆင်းစမ်း...
hannie ကိုခေါ်လို့မရဘူး..."
သူကားတံခါးကိုဆွဲဖွင့်ပြီး hannie ကိုဆွဲချသည်။
hannie ကအကြောက်အကန်ပြန်ရုန်း၏
သူစိတ်မရှည်တော့ဘဲ hannie ကိုယ်လေးကိုပွေ့ချီပြီး
ကားအောက်ပြန်ဆွဲချပစ်သည်။
"အား မေမေရေ...ဟင့်အင်း...hannie လိုက်မှာ..
ကိုကိုနော်"
"ဆင်းစမ်း...hannie လွှတ်စမ်း...ငါ့ကိုဖက်မထားနဲ့
hannie..."ကားအောက်ရောက်လာပေမယ့် hannieကိုမြေပေါ်ချပေးလို့ ဘယ်လိုမှမရ။ hannie သူ့လည်ပင်းကို အတင်း
ပြန်ဖက်ကာ ခြေထောက်တွေမြေကြီးနဲ့တွဲလွဲခိုထားသည်။သူသာ ကုန်းကုန်းကွကွကြည့်လို့မကောင်းဖြစ်နေသည်။
hannie ကတော့ မြေပေါ်မရောက်။"hannie...ဟာကွာ...ငါကိုင်ပေါက်လိုက်ရ..."
သူဘယ်လိုမှမတတ်သာသည့်အဆုံး ကားပေါ်ပြန်တင်ပေးလိုက်ရ၏ မကျေမနပ်ဒေါသတကြီး ဆောင့်ပိတ်လိုက်
သည့်အရှိန်ကြောင့် ကားတစ်စီးလုံးတုန်ခါသွားတာ
သိမ့်ခနဲ...။
ဦးချစ်သည်း 5
Start from the beginning