Chapter5

7K 936 193
                                    

Unicode

*မင်းတို့သိလား ဟိုကောင်၀မ်ရိပေါ်ပေါ့ ဘာမဟုတ်တဲ့ ဒဏ်ရာလေးကို ဆေးရုံမှာတပတ်နေခိုင်းတယ် ပြီးတော့ သူတို့ဆိုင်ကကြက်ကြော်ကိုငါကြိုက်တာပြောလိုက်တဲ့နေ့ကစပြီး ငါ့ရဲ့အနပ်တိုင်းမှာ ကြက်ကြော်လေးတွေလှပစွာနေရာယူသွားခဲ့တယ်

ငါလေးက မေတ္တာတရားကြီးမားတဲ့သူဆိုတော့ အဓိကတရားခံဖြစ်တဲ့၀မ်ရိပေါ်ကို ကျော်ပြီး ကြက်နဲ့ဆေးရုံကိုနာကျင်စွာမုန်းပစ်လိုက်တယ်။

ဆေးရုံကဆင်းသည်နဲ့တပြိုင်နက် လတ်ဆက်တဲ့လေထုကြီးကိုအ၀ရှူပစ်လိုက်တယ်။

စိတ်ထဲတွင်လည်းနောက်ကျောကဆေးရုံကြီးဘက်ကို ​အီးတောင်လှည့်မပေါက်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။*

"အချောလေးတို့ရေ ကိုကြီးလာပြီ တစ်ပတ်လုံးမဘူးခဲ့ရသမျှအတိုးချပြီးကို ဘူးပစ်မယ်"

ရှောင်ကျန့်ဆိုသည်မှာ ဘုရားတရားသမားလေးဆိုပမဲ့ ဖြူဖြူစင်စင်ဥပုပ်စောင့်နေတဲ့ဖိုးသခွါးလေးတော့မဟုတ်တာအမှန်။ပုထုစဥ်လူသားဆိုတဲ့ သဘာ၀တရားကြီးကို လက်ကိုင်ထားသူပီပီ စားချင်တန်စား အိပ်ချင်တန်အိပ် ဘူးချင်တန်ဘူးသူတယောက်။

"နေကြဦးငါအနံ့ရတယ် ဒီအနံ့ကြီးငါသိတယ် မင်းတို့မပြောကြပါနဲ့ ဒါက ကြက်​ကြော်နံ့ ဟုတ်တယ် ကြက်တောင်ရိုးရိုးမဟုတ်ဘူး ​ပျားရည်နဲ့ကြော်ထားတာ ငါတကယ်မုန်းနေပြီ လွတ်အောင်ပြေးမှ"

"ချစ်လေး!!!!!!"

*မြင်သွားပြီလား ဟမ် လာနေပြီတကယ်ကြီး
၀မ်ရိပေါ်ဟ ​မြင်သွားလည်းပြေးမယ် ငါကြက်ကြော်တော့မစားပါရစေနဲ့ တပတ်လုံးတနေ့တမျိုး ကြက်ကို ကင်လိုက်ကြော်လိုက်ဖုတ်လိုက်သုတ်လိုက်ပြုတ်လိုက်နဲ့ ကျွေးနေတာ*

"ချစ်လေး!!"

ပိုမိုနီးကပ်လာတဲ့​အော်သံနဲ့အတူ ရှောင်ကျန့်ဂျာကင်အင်္ကျီလေးကိုမကာမျက်နှာကိုကာလိုက်ရင်းခြေလှမ်းခပ်သွက်သွက်လျှောက်လိုက်တယ်။

ရုတ်တရက်၀မ်ရိပေါ်ကဂျာကင်ကိုဆွဲပြီးလှည့်လိုက်တော့တပတ်လည်ပြီးရင်ခွင်ထဲအိခနဲရောက်လာတဲ့ရှောင်ကျန့်။

အပျိုကြီးပေးတဲ့ဖူးစာ/အပ်ိဳႀကီးေပးတဲ့ဖူးစာ ( Completed )Where stories live. Discover now