Part 14 (Uni&Zaw)

Start from the beginning
                                    

''မချစ်ဘူး ဝမ်လေး ကျောင်ကျောင်ကို အဖွားစိတ်ချမ်းသာအောင် လက်ခံလိုက်တာ´´

''ရပြီ ဝမ်လေး မချစ်ဘူးဆို´´

''အခုကောနောက်လိုက်ခဲ့လာ ´´

''ဘာလို့ လိုက်ရမှာလဲ မလိုက်ဘူး အောက်မှာအဖွားလဲစောင့်နေတယ်´´

''နောက်မှရှင်းအဲ့ဒါတွေကို အခုဝမ်လေးကောနောက်ဖို့ကပိုအရေးကြီးတယ်´´

''ဝမ်လေးလဲ ကောကိုချစ်တယ်မလား ကောသိတယ် ဒါကြောင့်ကောကိုမြင်မြင်ချင်း ကောရင်ဘတ်ကိုထုရိုက်ပြီးငိုနေတာပေါ့´´

''ကောဝမ်လေးလက်ကိုထိန်းလိုက်တယ်ဆိုတာကောနာလို့မဟုတ်ဘူး ဝမ်လေးလက်နုနုလေးတွေနာမှာစိုးလို့´´

''အဲ့ဒါတွေကောအိမ်ရောက်မှရှင်းပြမယ် အခုဝမ်လေးတော့သွားရအောင်´´

''ကော ကော နေ နေဦးလို့ ဖွားကိုအကျိုးအကြောင်းပြောခဲ့ဦးမယ်´´

''နောက်မှ ပြောကွာ လာအခု´´

........................................................................................

''ဟင် ဒီတိုက်ခန်းလေး က´´

''အရင်ကပိတ်ထားတာပါ ဘယ်သူမှမရှိပါဘူး ´´

''အင်း ကော နိုင်ငံခြားထွက်သွားတော့ တိုက်ကို ကောအသိ နဲ့အပ်ခဲ့တာ သူက တိုက်ခန်းသန့်နေအောင် တစ်လနှစ်ခါသန့်ရှင်းရေးခေါ်ခိုင်းပေးထားလို့ ဒီလောက်သန့်နေပြီး အဆင့်သင့်နေလို့ရတာ´´

''ဝမ်လေး ရေချိုး အဝတ်လဲလိုက်လေ အခန်းထဲက ဗီဒိုအစိမ်းကဝမ်လေးအတွက်ဝယ်ထားတာတွေချည်းပဲကြိုက်ရာဝတ်´´

''ဟုတ်ကဲ့ ´´

..........................................................................

''ပြီးပြီ ဆို ညနေစာစားရအောင် ´´

''ဟုတ်ကဲ့´´

ရှောင်းကျန့်ဝမ်လေးကိုကြည့်နေတာ သူ့နောက်ပါလာပြီး အိမ်ရောက်ကတည်း ကမျက်လုံးချင်တောင်ဆုံအောင်မကြည့်ပဲ သူဘာပြောပြော ဟုတ်ကဲ့ချည်းပဲ ပြန်ဖြေနေတာ အခုညစာစားတော့လဲထမင်းပန်ကန်ထဲခေါင်းရောက်တော့မယ်

သူသိတယ် ဝမ်လေးရှက်နေတယ်ဆိုတာ သူကိုစတွေ့တာနဲ့ ဟန်ပင်မဆောင်နိုင်ပဲ သူ့ကိုထုရိုက်ငိုယိုပြီး စွပ်စွဲချက်တွေ ပြောကတည်းက ဝမ်လေးရင်ထဲမှာသူရှိနေပြီဆိုတာကို ဒါကြောင့်လဲသူ ခေါ်လာခဲ့တာဖြစ်သည်

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now