Episode 4 (Zawgyi)

Start from the beginning
                                    

ဒီStoryကို ဝင်ကြည့်တဲ့သူတွေထဲ ခင်ဗျားပါမလာတော့ သေချာပေါက် လိုင်းပေါ်က ဆင်းပြီး အိပ်နေလောက်ပြီပေါ့။ ကိုယ်တိုင်လည်း လိုင်းပေါ်ကဆင်းပြီး ခိုးရိုက်ထားတဲ့ ပုံလေးတွေကို ကြည့်ရင်း အလွမ်းဖြေရပြန်သည်။ ကျွန်တော့်ကို အချိန်တိုင်း လွမ်းရအောင် လုပ်တဲ့ ကောင်လေးရေ ကျွန်တော့်အပိုင်ဖြစ်တဲ့နေ့မှ ကောင်လေးကို လွမ်းထားရသမျှ အတိုးချလို့ ချစ်ပစ်ဦးမည်။

Jaemin ကွန်ပျူတာဖွင့်လိုက်တာနဲ့ ပေါ်လာတဲ့ ကောင်လေးရဲ့ ပုံရိပ်လေးကို စက္ကန့်ပိုင်းမျှ ငေးကြည့်ပြီး မပြီးသတ်သေးတဲ့ အလုပ်တွေကို ဆက်လုပ်လိုက်သည်။ နောက်အပတ်တွေလည်း စာမေးပွဲ ရှိသည်မို့ ရပ်ထားရဦးမည်။ ဒီ့တော့ အရင်ကျန်နေတဲ့ အလုပ်ကြွေးတွေကို စာမေးပွဲ မတိုင်ခင် အပြီးသတ်ရမည်။ ဒီညလည်း မိုးလင်းခါနီးမှ အိပ်ရဦးမှာပဲ။

အပိုင်း (ခ)

"Renjun ahh ငါတို့ကို ညနေအတန်းချိန်မရှိတော့ စာရှင်းပြပါလား" ဆိုတဲ့ Jeno နဲ့ Haechan ကို ခေါင်းငြိမ့်ပြကာ စာရှင်းပြဖို့ သဘောတူလိုက်သည်။ သူတို့နှစ်ယောက်က မရှင်းပြဘူးပြောလည်း ရမယ့်သူတွေမဟုတ်။ အတန်းချိန်မှန်အောင် တက်လားဆိုတော့လည်း မတက်။ တက်ပြန်ရင်လည်း ဂိမ်းခိုးဆော့တာနဲ့ အိပ်နေတာနဲ့။ ဘယ်လောက် လိုက်နားထောင်ဖို့ ပြောပြော။ ပြောတဲ့သူသာ မောသွားမည်။ ဒင်းတို့ကတော့ လိုက်နာမည်မဟုတ်။

မနက်ပိုင်း အတန်းချိန် ပြီးတော့ နေ့လည်စာ စားဖို့ နဲ့ စာလုပ်ဖို့အတွက် နေရာကောင်းတစ်ခုကို ရွေးချယ်ကာ သွားလိုက်ကြသည်။ Jenoရော Haechan ရော ကားမယူလာသည်မို့ Renjun ကားနှင့်သာ ဆိုင်တစ်ဆိုင်ကို သွားလိုက်ကြသည်။ ရွေးချယ်ထားသည့် စားသောက်ဆိုင်က ကွန်ပျူတာ တက္ကသိုလ်နားမို့ Jaemin ကို မဆီမဆိုင် သတိရမိသေးသည်။ #ဒီကောင်လေးနဲ့ မတွေ့တာ ရက်ပိုင်းလောက် ရှိတော့မည်#

ကားပါကင် ထိုးပြီးနောက် စာလုပ်ဖို့ အဆင်ပြေမယ့် နေရာ၌ ထိုင်ကာ နေ့လည်စာ မှာလိုက်ကြသည်။

"Renjun ကြိုက်တာစား ငါနဲ့ Haechan ရှင်းမှာ"

"ရပါတယ် ငါ့ဘာငါ ရှင်းပါ့မယ်"

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now