''ဟုတ်ကဲ့ပါးပါး´´

''သားကလဲပါးပါးလိုပဲဆရာဝန်ကြီးလုပ်မှာ´´

''အေးပါကွာ သားကပါးထက် ပိုထက်မြက်မယ်ဆိုတာယုံကြည်ပြီးသားပါ ´´

''ဟုတ်ကဲ့ပါးပါး သားကိုယုံကြည်ပေးလို့ကျေးဇူးတင်ပါတယ်´´

''မလိုပါဘူးသားရယ် သားအဖတွေပဲကို´´

''ဟုတ်ကဲ့ ပါးပါး´´

  - --------------------------------------------------------------------
တရုတ်မြေကိုချေချတာနဲ့ ရှောင်းကျန့်ဘေးကသားကလည်ပြန်တွေကိုလိုက်ကြည့်နေတယ် သားဘယ်လောက်ပြန်လာချင်တယ်ဆိုတာသိလို့ သူပြန်မလာချင်ပေမယ့်သားပျော်ရွှင်မှုအတွက်သူပြန်လာခဲ့သည် သူ့ပြန်လာခဲ့တာမှန်ပါသည် သားတစ်လမ်းလုံးပြုံးပျော်နေတာမြင်ရတယ်

''ပါးပါး အခုဘယ်ကိုပြန်မှာလဲ´´

''ပါးပါးတိုက်ခန်းလား YELLOW HOUSE ကိုလား´´

''Yellow house ကိုပဲသွားကြမယ်လေ´´

''ဟုတ်ကဲ့ပါးပါး´´

ရှောင်းကျန့်အရင်ကသူနေခဲ့တဲ့တိုက်ခန်းကိုမပြန်ချင်ပေ ပြန်ရင်သူခံစားနိုင်မှာမဟုတ်သူ့အတွက်ဝေဒနာအသစ်တွေဖြစ်လာနိုင်သည်

ဒါကြောင့် သားသူ့အတွက်မွေးနေ့လက်ဆောင်ပေးထားတဲ့ တိုက်ဆီကိုပဲသွားလိုက်သည်

ဒီလိုနဲ့သူတို့ပြန်လာတာ တစ်လလောက်ရှိတော့မည် သားအဖနှစ်ယောက်မှာမအားပေ

သူကလဲဆေးရုံအတွက်ရက်ချိန်းနဲ့ဆိုင်အတွက်နဲ့ အချိန်ညှိနေရ သားကကျောင်းတက်မယ်ဆိုတော့အရင်လိုဆိုင်အချိန်ပြည့်မထိုင်နိုင်တော့ပေ

သူတို့ဆိုင်လေးကတရုတ်ပြည်မှာပိုအောင်မြင်တယ်ပြောရမယ် ဒါကလဲသားစိတ်ကူးကောင်းလို့ပင် သူ့ကိုအချိန်ပြည့်ခွဲခန်းထဲဝင်နေရလို့ဆိုပြီး စိတ်အနားယူလို့ရအောင် ဖွင့်ထားတာဖြစ်သည်

အခုတရုတ်ပြည်မှာ သားကကျောင်းကတစ်ဖက်စီးပွားရေးကတစ်ဖက်နှင့် ခြေလှမ်းချဲ့ထွင်နိုင်သည်

သားသည်သူ့ထက် တော်တယ်လို့ပြောရမယ် အစစအရာရာမှာအားကိုးရတယ်

အမှတ်မထင်ဖူးစားရှင် (Complete)Место, где живут истории. Откройте их для себя