Episode 2

5.5K 439 1
                                    

[ Zawgyi ]

လရောင်အောက်၌ အရိပ်များပေါ်နေသည့် ဝါးရုံတောဘက်သို့ ပင်းဝမ်ကြည့်ရင်း လက်စွဲတော်ဓားကို ကျစ်လျစ်စွာဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် သိပ်မကြာခင်မှာပဲ မီးမြားများရောက်ရှိလာလေ၏။ 

ပင်းဝမ်သည် ရှဲလီရဲ့လက်မောင်းကိုဆွဲပြီး အောက်ကိုဝပ်တွားစေလိုက်သည်။ ထို့နောက် ပြတင်းပေါက်ကနေ ဝတ်ရုံနက်နှင့် လူများခုန်ဝင်လာပြီး ပင်းဝမ်ကို တိုက်ခိုက်လေသည်။ ရှဲလီအနားသို့ မရောက်ခင်မှာပဲ ပင်းဝမ်၏လျှပ်စီးလိုလျှင်မြန်လှသည့် ဓားချက်အောက်၌ အသက်ပျောက်ကုန်ကြ၏။ အဆက်မပြတ်ရောက်ရှိလာသည့် မြားတို့ကြောင့် ပင်းဝမ်သည် ရှဲလီကိုခေါ်ရင်း အပြင်သို့ ရှောင်တိမ်းရန်ပြုလေသည်။

ရှဲလီသည် တံခါးနားရှိ ပိတ်စတစ်ခုကိုဆွဲယူလိုက်ပြီး မျက်နှာကိုအုပ်လိုက်သည်။ ထို့နောက် ရွှယ်မုံရဲ့လက်ကိုဆွဲပြီး အပြင်ထွက်လာခဲ့၏။

အပြင်ဘက်သို့ရောက်သည့်အခါ ရှဲလီနှင့် ပင်းဝမ်သည် ကျောချင်းကပ်လျက် အနေအထားဖြင့် ရန်သူများအား တိုက်ခိုက်လေ၏။

အမှန်ဆိုလျှင် ထိုကဲ့သို့ရန်သူလောက်ကို အချိန်အနည်းငယ်အတွင်းမှာပဲ ပင်းဝမ် ရှင်းပစ်နိုင်သည်။ သို့သော် ရှဲလီရဲ့ဓားရေးကို ကြည့်ချင်သောကြောင့် ရန်သူများကို ခုခံယုံသာ တိုက်ခိုက်ခဲ့သည်။ 

သိမ်းငှက်တစ်ကောင်လို လျှင်မြန်စွာလှုပ်ရှားနေသည့် လက်မောင်းကြွက်သားများနှင့် ကန်ရေပြင်လို တည်ငြိမ်ပြီး စူးရဲလှသည့် ရှဲလီရဲ့ မျက်ဝန်းတစ်စုံသည် ရန်သူများကို တစ်စစီလုပ်ပစ်နိုင်စွမ်းရှိသလိုပင်။ ယန်နိုင်ငံရဲ့ဓားရေးပညာကြောင့်ပဲလားမသိ။  ရှဲလီရဲ့ဓားရေးမှာ အခြားစစ်သည်များနှင့် မတူပဲ ကျော့ရှင်းလွန်းသည်။

သိုသော် ရှဲလီတိုက်ခိုက်သည့်အခါ ချီစွမ်းအားကို သိပ်မသုံးမပြုပေ။ အတိုက်အခိုက်တော်ရက်သားနှင့် အဘယ်ကြောင့် ချီစွမ်းအင်ကို ထုတ်မသုံးတာလဲဆိုတာ သံသယဝင်စရာပင်။

ထိုစဉ် ရှဲလီဆီသို့ ရောက်ရှိလာသည့် မြားတစ်စင်းကြောင့် ပင်းဝမ်ကနေ ကာပေးလိုက်ရာ အနှီမြားသည် ပင်းဝမ်ရဲ့နောက်ကျောကို ထိုးစိုက်သွားခဲ့သည်။

The Loyal Male LoverWhere stories live. Discover now