"အသည်းယားလဲ ယား
လာတော့ မထိနဲ့ ကျတော့်ဟာ "

"ကိုကို "
အသေးလေးရှက်နေပြီ

"အမလေး တွန့်တိုနေလိုက်တာ"

ရီရင်းမောရင်းပြောရင်းနဲ့

ဆိုင်ထဲကို လူတစ်စု၀င်လာသည်။
ဘယ်သူများလဲလို့ ပပတို့ကိုး
ဘေးမှာလဲ ကောင်လေးနဲ့
သူတို့လဲ ၀တ်စုံလာကြည့်တာထင်တယ်
မိမိတို့ကိုလဲ တွေ့ရော မျက်နှာတင်းသွားကာ
အနားလျှောက်လာသည်။

"မတွေ့တာတောင် ကြာပီနော် ကိုကျော်သီဟပိုင်"

"အင်း ပပ ၀တ်စုံလာကြည့်တာလား "

"ဟုတ်တယ် အော် မိတ်ဆက်ပေးရဦးမယ်
ဒါက ပပရဲ့လက်တွဲဖော်Star companyက MDလေ ကိုကို ဒါက ပပရဲ့အသိ ကျော်သီဟပိုင်တဲ့"

"ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်"

" ဟုတ်ကဲ့ "

"ဟက် ဒီဘက်ကတော့ သူ့ကောင်လေးပေါ့
အရှက်လဲမရှိကြဘူးနော် လူဘုံအလယ်သွားလာနေကြတာ "

"ပပ အဲ့လိုမပြောရဘူးလေ တဖက်သားကို "

"ရပါတယ် ပြောပါစေဗျာ
ကျတော့်အဲ့လိုပြောရက်တဲ့ သူရဲ့ ရင်ထဲမှာလဲ အဲ့လိုပြောချင်အောင်လုပ်တဲ့ စိတ်နာမှုဖစ်ဖစ် အကြောင်းရင်းရှိမှာပဲ
ကျတော်ခွင့်လွှတ်တယ် "

"အကိုလဲ ပြည်ပသွားရင် ညီလေးတို့လို လိင်တူချစ်သူတွေတွေ့ဖူးတယ် ဒါတွေဟာ မဆန်းတော့ပါဘူး ဒီနိုင်ငံမှာသာ ဆန်းနေကြတာ "

"ဟုတ် အကို နားလည်ပေးလို့ ကျေးဇူးပါ
သွားရအောင် အသေးလေး ခွင့်ပြုပါဦး "

အသေးလေး လက်ကိုဆွဲကာထွက်ခဲ့လိုက်သည်။
အထဲတွင်

"ကိုကို ဘာလို့ သူတို့ဘက်လိုက်ပေးတာလဲ
ပပဘက်က မပါပဲနဲ့ "

"ပပ သူများကို အဲ့လိုမပြောရဘူး ကိုကို မကြိုက်ဘူး
လူတိုင်းမှာ သူတို့သဘောကျတန်ဖိုးတဲ့အရာဆိုတာ ရှိတယ်
ကိုယ်မကြိုက်ဘူးဆိုတာနဲ့ တစ်ဖတ်သားကို အပြစ်တင်တာ ရှုံချတာမျိူးမလုပ်ရဘူး
ကိုယ်လိုက်ပီးသဘောမကျ တန်ဖိုးမထားပေးနိုင်ရင်တောင် တစ်ဖက်လူရဲ့ခံစားချက်ကို လေးစားတတ်ဖို့လိုတယ်
ဒါက လူကောင်းတစ်ယောက်ရဲ့ ကျင့်၀တ်ပဲ ပပ"

ကျတော့်ချစ်သူ.....ဂျလေဘီWhere stories live. Discover now