part 1

16K 466 14
                                    

Zawgyi

မချစ်​ရင်​​နေပါ မမုန်းလိုက်​ပါနဲ့ ကိုကိုရယ်​  အပိုင်း(၁) 💞💞

Xiao Zhan တစ်​​ယောက်​ အလုပ်​ကိစ္စနဲ့ ခရီးထွက်​ရန်​ပြင်​ဆင်​​နေရှာသည်​။ အခု အလုပ်​ကိစ္စက နည်းနည်း​တော့ကြာမြင့်​မည်​ဖြစ်​သည်​။

" သား​ရေ အိပ်​ပြီလား?"

" မအိပ်​​သေးဘူး မား"

" ​အောက်​ကို ခဏဆင်းခဲ့အုံး​လေ သား"

" ဟုတ်​ကဲ့ မား"

ခရီး​ဆောင်​အိပ်​ထဲကို ပစ္စည်း​လေး​တွေအမြန်​ထည့်​ကာ ​အောက်​သို့ဆင်းလာခဲ့သည်​။

" သား လာထိုင်​ မနက်​ခရီးထွက်​​တော့မှာဆို​တော့ သားအတွက်​အ​ဆောင်​ဆွဲကြိုး​လေးပါ"

" ဟုတ်​ကဲ့ ပါးပါး သား​သေရှာ​လေးဂရုစိုက်​ပြီးဆွဲထားပါ့မယ့်​"

"သား​တောင်​ ဒီအရွယ်​​ရောက်​လာလို့ ပါးပါးနဲ့မားမားကို​တောင်​ လုပ်​​ကျွေးပြီး ကုမ္ပဏီကြီးကို​တောင်​ ဦးစီး​နေပြီ ပါးပါး​ကျေနပ်​လိုက်​တာ သားရယ်​"

" ပါးပါးတို့ မားမားတို့အ​ပေါ် သားက ​ကျေးဇူး​တွေ ဆပ်​လို့​တောင်​မကုန်​​သေးပါဘူး ပါးပါးရ ။
သား ကုမ္ပဏီ ကိစ္စ​တွေအတွက်​ ဝမ်​​ချောင်​ကို အားလုံးမှာထားခဲ့တယ်​"

       ဝမ်​​ချောင်​ဆိုတာကလည်း Xiao Zhan ရဲ့ ညီတစ်​ဝမ်းကွဲ
ဖြစ်​သည်​။ ငယ်​ငယ်​ထဲက အတူ​တူ​နေလာပြီး အခုကုမ္ပဏီလုပ်​ငန်း​တွေလည်း ​Xiao Zhan မရှိ​တော့တဲ့အချိန်​ ဦးစီးဖို့​ပြောထားသည်​ဖြစ်​သည်​။ ဝမ်​​ချောင်​က​တော့ ​ရှောင်​စံအိမ်​​တော်​ရဲ့ စည်းကမ်း​တွေကို မလိုက်​နာနိုင်​လို့ တိုက်​ခန်းဝယ်​ပြီး ​နေ​နေရှာသည်​။ မိဘ​တွေဆုံးသွားထဲက ​Xiao Zhan တို့ မိသားစုက ​မွေးစားထား ခဲ့ကြသည်​။

ရုတ်​တရက်​ဆို​​သော်​ ဝမ်​​ချောင်​တစ်​​ယောက်​ အိမ်​ထဲသို့ဝင်​လာခဲ့သည်​။

" စိတ်​ချပါ ကိုကို​ရှောင်​ရ ကျွန်​​တော်​ ကုမ္ပဏီအလုပ်​​တွေအားလုံးကို အလွဲအမှားမရှိ​အောင်​လုပ်​ထားပါ့မယ်​"

မချစ်​ရင်​​နေပါ မမုန်းလိုက်​ပါနဲ့ကိုကိုရယ်​..Where stories live. Discover now