Chapter 13 ( Zawgyi )

Start from the beginning
                                    

" ​သူက ​ကောရဲ့ ​ကောင်​မ​လေးလား..."

ရိ​ပေါ်​အ​မေး​ကြောင့်​ ​ရှောင်​ကျန့်​က ​ရေး​တေး​တေး​လေးပဲ​ပေါ်တဲ့ ပါးချိုင့်​​လေး​တွေနဲ့ ပြုံးတယ်​။ ဒီ​မေးခွန်းက နည်းနည်း​တော့ ​ဖြေရခက်​တယ်​။

" အင်း....​ကောင်​မ​လေးလို့ ​ပြောရမှာ​ပေါ့...​ကောတို့က Blind Date မှာ​တွေ့တာ ​...​ကောရဲ့ မိဘ​တွေက ​ကောကို အိမ်​​ထောင်​ပြု​စေချင်​​နေကြတာ​လေ"

" ​ကောကလဲ ​ကျောင်းအလုပ်​​တွေနဲ့ ရှင်းကလည်း
ဒေါက်​တာမို့လို့ အလုပ်​​တွေမအားတာနဲ့ ​ကောတို့ ​သိပ်​မ​တွေ့ဖြစ်​ကြဘူး "

ရှင်းက ​ဆရာဝန်​ဆိုတဲ့ ဂုဏ်​ပုဒ်​နဲ့အညီ တည်​ငြိမ်​တဲ့မိန်းက​လေးတစ်​​ယောက်​။ မျက်​လုံးပြာပြာ​လေး​တွေနဲ့သူမက
လှတယ်​ဆိုတာထက်​ ကျက်​သ​ရေရှိတဲ့အလှကို ပိုင်​​ဆိုင်​ထားတယ်​။ ပုရိသ​တော်​​တော်​များများကို ငြင်းပြီး ​ရှောင်​ကျန့်် ကို သူမ​ရွေးချယ်​ခဲ့တာ Blind Date က​နေ သိခဲ့ရတဲ့ ​ရှောင်​ကျန့်​ကို သူမ သ​ဘောကျမိလို့ဆိုတဲ့
အ​ကြောင်းပြချက်​တစ်​ခုတည်း​ကြောင့်​။

ဂျီသြ​မေတြီအခန်းရဲ့​နောက်​ဆုံးပုစ္ဆာကို ရိ​ပေါ်တွက်​ပြီးသွားတဲ့​နောက်​မှာ စာအုပ်​​တွေကို သိမ်း​နေတယ်​။

" ကျွန်​​တော်​ ​နောက်​အပတ်​​တွေမလာ​တော့ဘူး "

" အင်း ရိ​ပေါ်သ​ဘော...ဒီမှာ ရိ​ပေါ် အ၀တ်​​တွေ"

သေသပ်​စွာ အ​ခြောက်​ခံပြီး​ခေါက်​ထားတဲ့ အင်္ကျီနဲ့ ​ဘောင်းဘီကို လှမ်းယူရင်း ရိ​ပေါ်က လဲဝတ်​ဖို့် ထွက်​သွား​တော့
စာကြည့်​ခန်းထဲကျန်​ခဲ့တာ ​ရှောင်​ကျန့်​တစ်​​ယောက်​တည်း။

အခန်းထဲကထွက်​မလို့ ခန္ဓာကိုယ်​အလှည့်​မှာ စားပွဲခုံအစွန်းနားတင်​ထားတဲ့ ရိ​ပေါ်ရဲ့ ​ကျောပိုးအိတ်​ကို ၀င်​တိုက်​မိ​တော့ ဇစ်​ဖွင့်​ထားတဲ့အတွက်​ စာအုပ်​​တွေ ထွက်​ချကုန်​တယ်​။

စာအုပ်​​တွေနဲ့အတူ ချွင်​ခနဲအသံမြည်​ကာ ထွက်​ကျလာတဲ့
ဓားချွန်​တစ်​ခုက စာအုပ်​​တွေကြား လဲ​လျောင်းလို့။

....

Douleurs Rouges  [ Completed ]Where stories live. Discover now