🐚🎈 MB - XZ 🎈🐚 U&Z

Start from the beginning
                                    

ဘယ်​ပစ္စည်းကိုခိုးချင်​လို့သူ့ကို​ဆေးခတ်​ရတာလဲ....

အိပ်​ချင်​မူးတူးဖြစ်​​နေတဲ့ကိုယ်​ရံ​တော်​တပ်​မှုးဟာ
အရမ်းတန်​ဖိုးရှိတဲ့သူ့ကိုယ်​သူ​မေ့​နေပုံပင်​....

မျက်​လုံး​တွေကမတရားအိပ်​ချင်​​နေပြီမို့
ရေထဲက​နေထလိုက်​ပြီး အနားမှာရှိတဲ့တပတ်​ကိုယူပြီး
ခါးမှာပတ်​လိုက်​သည်​....

❆ ❆ ❆ ❆ ❆ ❆ ❆ ❆  ♡ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

ဟောက်​ရွှမ်​ ကုန်း​ပေါ်မတက်​ခင်​ထဲက
သူသွားရမယ့်​​နေရာကို ​သေချာသိ​နေပြီးဖြစ်​သည်​....

လွန်​ခဲ့တဲ့သုံးနှစ်​က သူကုန်း​ပေါ်ခိုးတက်​တုန်း
တွေ့ခဲ့ရတဲ့အကိုကြီး....အဲ့အကိုကြီးဆီကိုသွားဖို့
ဆုံးဖြတ်​ထားပြီးပြီ....

အကိုကြီးက​တော့သူ့ကိုသိမှာမဟုတ်​....

သူကသာလိုက်​​ချောင်းပြီး အကိုကြီးအ​ကြောင်းကို
စုံစမ်းထားရတာ....

ပါးပါး​ရေ သား​လေးက သမက်​​ခေါ်လာတာကို​တော့
ပါးပါးစိတ်​မဆိုးရဘူး​နော်​....

စိတ်​ထဲက​နေပါးပါးကိုကြို​တောင်းပန်​လိုက်​သည်​....

ကုန်း​ပေါ်ကို​ရှောင်​ကျန့်​နဲ့တူတူတက်​လာခဲ့တာ​ပေမဲ့
လူစုကွဲသွားတာမို့ မနက်​မှပြန်​ရှာမည်​ဟုသာ
တေးထားလိုက်​သည်​....

အခု​တော့ သူ့ရဲ့အနာဂါတ်​ခင်​ပွန်း​လောင်း
အကိုကြီးဆီကိုသွားလိုက်​ဦးမယ်​....

......

ဟောက်​ရွှမ်​ဟာ သူ့ရဲ့နိုင်​ယန်​အစွမ်းကိုသုံးပြီး
နန်း​တော်​ရဲ့သုံးထပ်​​မြောက်​မှာရှိ​နေတဲ့ကျိရန်​အခန်းကို
ရှော​ရှောရှူ ရှူ ​ရောက်​လာ​လေသည်​ ....

အခန်းထဲ​ရောက်​​တော့ ကုတင်​​ခြေရင်းက
စားပွဲ​ပေါ်မှာ တင်​ထားတဲ့​သေရည်​အိုးကို
တွေ့တာမို့ အကိုကြီး​သောက်​ထားမည်​ဟု
တွေးလိုက်​သည်​....

ထိုအချိန်​မှာပဲ ကျိရန်​ဟာ 
ရေချိုးတဲ့အခန်းထဲက​နေထွက်​လာပြီး
ကုတင်​​ခြေရင်းမှာရပ်​​နေတဲ့
ဟောက်​ရွှမ်​ကိုမြင်​သွားသည်​...

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now