"သူတို့က အကိုလေးသူငယ်ချင်းတွေမလား "

ဘယ်ကနေမှန်းမသိတဲ့ အနောက်တိုင်း၀တ်စုံနဲ့လူ ၄ဦးပေါ်လာခဲ့သည်။

"ဟုတ်တယ်လေ ဘာလို့လဲ သီဟစေ့စပ်ပွဲလာတာ"

ecမက ဖြေလိုက်သည်။
ထိုအခါ

"Bossက အက်ိုလေး သူငယ်ချင်းတွေကိုပဲ ပေး၀င်ပါတဲ့
ဒီကကောင်လေးကို ပေးမ၀င်ပါနဲ့ မှာထားလို့ပါ "

"အမလေး သူငယ်ချင်းတွေပဲ ဟိုလူမရ ဒီလူမ၀င်ရနဲ့ မရဘူး ၀င်မှာပဲ "

"၀င်လို့မရပါဘူး "

"ဖယ် လွှတ် "

"ဟျောင့်တွေ တားထားကြလေ "

ခန်းမရှေ့တွင် သူတို့အုပ်စုနဲ့ ကျတော်တို့အုပ်စု ရုန်းရင်းဆန်ယက်ဖစ်နေကြသည်။

"ဖယ်လို့ပြောနေတယ် "

"၀င်လို့မရပါဘူး "

ဒီလိုနဲ့အတိုင်းတွန်းတိုက်ကာ ၀င်ဖို့ပြင်လေတော့
အစောင့်တယောက်က ငြိမ်းချမ်းကို အတင်းဆွဲကာ ထမ်းခေါ်သွားသည်။

"အကိုလေး သူငယ်ချင်းတွေ မို့လို့ အနုနည်းနဲ့ပြောနေတာမရဘူး
ဟျောင့်တွေ တားထား အကုန်ပေးမ၀င်နဲ့တော့ Bossသိရင် ငါတို့အလုပ်ပြုတ်ကုန်လိမ့်မယ် "

ဒီလိုနဲ့ အတင်း၀င်ဖို့လုပ်နေကြတာကို
အားနဲ့ ပြန်ဆွဲခေါ်ကာ ထမ်းသွားခြင်းခံရလေသည်။

ပြီးတော့ အပြင်ဘက်ကိုခေါ်လာတာမဟုတ်ပဲ အနောက်ဘက်ခြမ်းကို ခေါ်လာခြင်းဖစ်သည်။

ငြိမ်းချမ်းခမျာ သူ့ကိုထမ်းသွားတဲ့ဦးလေးကြီးကို ရိုက်ပုတ်နေသော်လည်း အင်အားခြင်းမမျှ

ဒီလိုနဲ့ တံခါးတစ်ခုရှေ့ရောက်တော့အနောက်တွင်
နဒီတို့ယောက်မှမပါလာပေ။
ထို့ကြောင့်

"ဦးလေး ကျတော့် သူငယ်ချင်းတွေရော "

"Bossက အကိုလေးသူငယ်ချင်းတွေကို တယောက်တခန်းထားပီး စေ့စပ်ပွဲပီးမှ လွှတ်ပေးဖို့ ပြောပါတယ် "

"ဟင် "

"ဒီမှါ၀င်နေလိုက်ပါ "

"ဟင့်အင်း မ၀င်ချင်ဘူး ကျတော် သူ့ကိုစကားပြောချင်သေးတယ် ခဏပါပဲ နှုတ်ဆက်ချင်ရုံလေးသက်သက်ပါ
သူနဲ့ခဏပဲတွေ့ခွင့်ပေးပါနော် "

ကျတော့်ချစ်သူ.....ဂျလေဘီKde žijí příběhy. Začni objevovat