တတိတ်ဆိတ်တဲ့ နေရာကို လာပြီး

ရှောင်းကျန့်ကိုသတိရနေမိတော့သည်

တစ်ဖက်ရှောင်းကျန့်မှာ ရိပေါ်အဖွားနှင့်ဆုံပြီး

သုံးရက်မြောက်နေ့မှာ အလုပ်ကိစ္စတွေကို

လက်စသတ်ပြီးနိုင်ငံခြားသို့ထွက်လာခဲ့သည်

ရိပေါ်အဖွား၏ကျေးဇူးဆပ်တာကိုလက်မခံပဲ

ကိုယ်သိမ်းဆည်းထားသောလုပ်အားခများနှင့်

ပညာရေးကိုဆက်လက် ကြိုးစားခဲ့သလို

တစ်ဖက်ကလဲ Coffee & Cafe ဆိုင် ဖွင့်ခဲ့သည်

သူရိပေါ်ကို နှုတ်ဆက်ဖို့ စောင့်နေခဲ့သေးသည်

သူ့ဖက်ကစမဆက်မသွယ်ဘူးဟုကတိပေးခဲ့တာ

ကြောင့် မဆက်သွယ်ခဲ့ပေမယ်

ဝမ်လေးသူ့ဆီကိုတစ်ကြိမ် တော့ရောက်လာမှာပဲ

ဟုယုံကြည်ပြီးစောင့်နေခဲ့ပေမယ့် သုံးရက်ကြာ

သည်ထိမပေါ်လာတာကြောင့် သုံးရက်မြောက်နေ့

မှာတော့ညနေ Flight နှင့် ထွက်ခွာခဲ့သည်

တိုက်ခန်းကိုပိတ်ထားခဲ့ပြီး သူ့ပစ္စည်းနည်း

နည်းပါးပါးယူပြီး ဝမ်လေးအိမ်မှာနေခဲ့တဲ့အချိန်

မှာသုံးတဲ့ပစ္စည်းမှန်သမျှကိုသာ အကုန်ပါအောင်ထည့်ခဲ့သည်

သူ့ဖုန်းကိုပိတ်ထားပြီးဝမ်လေးအတွက်ဝယ်ခဲ့

သော ဖုန်းကိုသာဆက်၍အသုံးပြုနေလိုက်သည်

ဝမ်လေးကိုလွမ်းလို့ တွေ့ချင်လာရင် ဖုန်းလေးကို

သာဖွင့်ကြည့်ပြီးအလွမ်းဖြေသည်

''မြေးလေးပြန်လာပြီလား အဆင်ပြေခဲ့လား အခြေအနေဘယ်လိုရှိလဲ''

''ဟုတ် ပြေတယ် ဖွား သားပင်ပန်းလာလို့တက်နားတော့မယ်''

''အေးအေး နားနားမြေးလေး ဖွားသံပုရာရည်ဖျော်ပြီး ဝမ်ချင်ကို ပို့ခိုင်းလိုက်မယ်''

''ဟုတ်ကဲ့ ဖွား''

''ဒေါက် ဒေါက် ဝမ်လေး မမဝမ်ချင်ပါ ဝင်ခဲ့မယ်နော်''

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now