Chapter 11 ( Unicode )

Start from the beginning
                                    

ပြီးခဲ့တဲ့အပတ်က ရှောင်ကျန့်စစ်ခဲ့တဲ့ အတန်းတွင်း သင်္ချာ
စာမေးပွဲမေးခွန်းက ခက်တာမို့ မဖြေနိုင်တဲ့ကျောင်းသား
တွေများတာကြောင့် ထိုအသံတွေ ထွက်လာကြခြင်း။

ရှောင်ကျန့်ကတော့ သဘောကျစွာ ရယ်လို့။ အမှတ်အများဆုံးကို ပြောဖို့ အပေါ်ဆုံးက အဖြေလွှာစာရွက်ရဲ့ နာမည်
တစ်ခုကို ရေရွတ်ရင်း အခန်းတွင်း ဝေ့၀ဲကြည့်မိတယ်။
အနည်းငယ် မှတ်မိနေတဲ့ ကျောင်းသားဖြစ်လို့ ရှောင်ကျန့်
သတိထားမိတာက ထိုကျောင်းသား ကျောင်းမလာတာကိုပဲ။

" ယွီဖန်း မလာဘူးဆရာ...သူခွင့်တိုင်ထားတာ လွန်ခဲ့တဲ့ သုံးရက်တည်းက "

အရှေ့ဆုံးကျောင်းသားက ပြောလာတာမို့ ရှောင်ကျန့်နားထောင်မိတယ်။ သူက အတန်းပိုင်မဟုတ်တဲ့အတွက်
ခွင့်တိုင်ထားတာကို မသိတာတော့ မဆန်း။

" သူ ဘာဖြစ်လို့လဲ "

" လက်ကျိုးသွားတာဆရာ....ညာဘက်လက်ကျိုးသွားတော့ စာလဲရေးမရတာကြောင့် ခွင့်တိုင်ထားတာ "

ရှောင်ကျန့်မျက်ခုံးတွေပင့်ရင်း စဉ်းစားတယ်။ သိပ်မကြာသေးတဲ့ရက်မှာတောင် သူ အဲ့ဒီကျောင်းသားရဲ့ လက်က
ဒဏ်ရာကို ဆေးထည့်ပေးခဲ့တာ။ ကောက်ခါငင်ခါကြီး
ဖြစ်ရတယ်လို့။ လပတ်စာမေးပွဲက ဘယ်လောက်မှမလိုတော့တဲ့ အချိန်ကျမှ။

ရယ်ရယ်မောမောနဲ့ပြီးသွားတဲ့ အတန်းက နောက်ဆုံးချိန်
အတန်းဖြစ်တာမို့ ရုံခန်းကိုသာ ရှောင်ကျန့် ပြန်လာလိုက်တယ်။

" ရိပေါ်..."

ရိပေါ်အတန်းရှေ့က ရှောင်ကျန့်ဖြတ်တော့ ဘယ်သူမှမရှိတော့တဲ့အခန်းထဲမှာ ကျောင်းအင်္ကျီရှပ်အဖြူရောင်လက်ရှည်ကို တံတောင်ထိ မတင်ထားပြီး ကြမ်းတိုက်တံနဲ့ ကြမ်းပြင်တွေကို တိုက်နေတယ်။

" ကော...."

" ရိပေါ် ဘာလို့ တစ်ယောက်တည်းလဲ အခြား သန့်ရှင်းရေးတာဝန်ကျတဲ့ ကျောင်းသားတွေကော "

ရှောင်ကျန့်က အခန်းထဲဝင်ရင်း ရိပေါ်နားသွားရပ်ကာ
မေးတယ်။

" အမြဲတမ်း ကျွန်တော် တစ်ယောက်တည်းလုပ်နေကြပါ
ဘာမှမဖြစ်ပါဘူး "

" မဟုတ်သေးဘူးလေ တာဝန်ကျတာ ရိပေါ် တစ်ယောက်တည်းမှ မဟုတ်တာ ... "

ရိပေါ်ကတော့ ကြမ်းကိုသာ ဆက်တိုက်နေတယ်။ ဒီကောင်လေးက ဘာအကြောင်းတွေများ အေးတိအေးစက်နိုင်ရတာလဲ ရှောင်ကျန့်တကယ် မစဉ်းစားတတ်တော့ဘူး။

နောက်ဆုံးတော့လည်း မနေနိုင်တဲ့ ရှောင်ကျန့်ကပဲ
အင်္ကျီလက်တွေကို ဆွဲမရင်း ကူမိတာဘဲ။
ရိပေါ်ကတော့ တားပါတယ်။ ဘယ်ဆရာကများ အတန်း
သန့်ရှင်းရေးကို ဒီလိုလုပ်ပေးဖူးလို့လဲ။

" ရိပေါ်..."

စားပွဲခုံပေါ်တင်ထားတဲ့ ထိုင်ခုံတွေကိုပြန်ချနေရင်း ရိပေါ်လက်ကို လှမ်းဆွဲတယ်။ လှမ်းဆွဲလိုက်တဲ့ ရိပေါ်ရဲ့ လက်ကောက်ဝတ်ဖြူဖြူလေးမှာ ပြတ်ရှထားတဲ့ ဓားအမာရွတ်တွေက အကျည်းတန်စွာပဲ နေရာယူနေတယ်။

" ကော "

" ရိပေါ် ဒါတွေက ဘာတွေလဲ "

ရိပေါ်က ခေါင်းကို အောက်ငိုက်ချထားတယ်။ ရှောင်ကျန့်ကတော့ သက်ပြင်းတချချဖြင့်။

ဘယ်လောက်တောင်နာကျင်ခဲ့ရလို့ အစွန်းရောက်အတွေးတွေ တွေးခဲ့ရတာလဲ။ အမာရွတ်တွေကြားက သွေးစို့နေသေးတဲ့ ဓားရာကြောင့် နာကျင်စရာတွေက လတ်ဆတ်နေသေးတာကို သိတဲ့ ရှောင်ကျန့်က သူ့ရဲ့ဂရုစိုက်မှုတွေနဲ့
ရိပေါ်ရဲ့နာကျင်မှုတွေကို အနည်းငယ် ပြေပျောက်စေချင်နေတယ်။

မျက်စိရှေ့က နာကျင်မှုတွေနဲ့ အထီးကျန်အေးစက်နေတဲ့
ရိပေါ်ကို နွေးထွေးစေချင်တဲ့ ရှောင်ကျန့်ရဲ႕ မေတ္တာဓာတ်က တကယ့်အဖြူရောင်လေးပါ။

.............................

နာကျင်မှုတွေ ဖယ်ရှားပေးမယ့် လက်တစ်စုံရဲ့ ပိုင်ရှင်က
အနီရောင် ဆူးတွေကို မမြင်ခဲ့ဘူး။
နွေးထွေးစေလိုတဲ့ဆန္ဒလေးပါဘဲ....
အဖြူရောင်ကောင်းချီးလေးကို အနီရောင်ကျိန်စာသင့်စေခဲ့။

.............................

Douleurs Rouges  [ Completed ]Where stories live. Discover now