အပိုင်း [ ၁၀ ]

109K 11K 282
                                    

"ကိုယ် ဒီနေ့ ရုံးတက်ဖြစ်မှာ မဟုတ်ဘူး Elly....ကိုယ် စစ်ရမယ့် Fileတွေကို mail ပို့ထားလိုက်ပါ"

"ဟုတ်ကဲ့ Boss"

ဒီနေ့ အရေးကြီးသော Appointment တွေ မရှိ၍ တော်ပါသေးသည်။ နေမကောင်းသည့် မိုင်မိုင်းက အဖျားကျရုံပဲ ရှိသေးတာမို့ မြတ်သောမာန် ကောင်လေးကို အိမ်မှာ တစ်ယောက်တည်း မထားခဲ့နိုင်ပေ။ မိသားစုနှင့်အဝေးမှာ ခုလို ဖျားနေချိန်မျိုးဆို မိုင်မိုင်း အားငယ်လိမ့်မည်။ ဘယ်လိုပင် လူကြီးဆန်နေလည်း မိုင်မိုင်းက မြတ်သောမာန်အတွက်တော့ ဂရုစိုက်မှု လိုအပ်သေးသည့် ဆယ်ကျော်သက် ကလေးပဲ ဖြစ်သည်။

မနက် အိပ်ယာထပြီးကတည်းက မြတ်သောမာန် Kitchen ထဲ၌ အလုပ်ရှုပ်နေ၏။ Cooking website တစ်ခုကနေ Chicken rice soup ချက်နည်း Video ကို ကြည့်ပြီးနောက် ဆန်ပြုတ် ပြုတ်ဖို့ရာအတွက် လိုအပ်သည့် ဟင်းအမည်တွေကို အရင် ပြင်ဆင် လိုက်သည်။

အရင်ဦးဆုံး ကြက်သားပြုတ်ရသည်။စစ်ယူပြီးတဲ့ ကြက်သားပြုတ်ရည်ထဲ ဆန်အနည်းငယ်ထည့်ကာ Microwave ပေါ် တင်ထားစဥ်မှာ မုန်လာဥနီ ကို အခွံနွာပြီး အစိပ်သေးသေးလေးတွေဖြစ်အောင် ညီညီညာညာ လှီးလိုက်သည်။ ကြက်သွန်ဖြူ သုံးမွှာကို ဓါးပြားရိုက်ထားပြီး
Celery ကိုတော့ အနံ့ပြင်း၍ ဖယ်လိုက်၏။

ပွက်လာတဲ့ဆန်ပြုတ်အိုးထဲ အရိုးဖယ်ထားသည့် ကြက်သားမျှင်လေးတွေကို ထည့်လိုက်ပြီးနောက် ကြက်သွန်ဖြူ နှင့် မုန်လာဥနီတွေကိုပါ ရောထည့်လိုက်၏။ ဆယ့်ငါးမိနစ်ခန့် စောင့်ကာ ဟင်းခတ်မှုန့်ကိုတော့ လိုအပ်တဲ့ ပမာဏမျှ ထည့်သည်။ ဆန်လုံးတွေ အိအိလေး ဖြစ်တဲ့အချိန်မှ အရသာ မြည်းလိုက်တော့ သိပ်မဆိုးလှ။

သူ့လက်ရာက မိုင်မိုင်း လက်ရာကိုတော့ ဘယ်မှီပါ့မလဲလေ။

မြတ်သောမာန် လင်ဗန်းတစ်ခုထဲ ဆန်ပြုတ်ပန်းကန်၊ ရေတစ်ခွက်နှင့် မိုင်မိုင်း သောက်ရမည့် ဆေးတစ်စုံကို ထည့်သယ်ပြီး အပေါ်ထပ်သို့ တက်လာခဲ့သည်။ တံခါး ခေါက်ပြီး မိုင်မိုင်းရဲ့ အခန်းထဲ ဝင်သွားလိုက်တော့ အိပ်ယာ သိမ်းထားတာ တွေ့ရ၏။

"မိုင်မိုင်း"

"ဗျာ"

သူခေါ်တာကို ​​ပြန်ထူးရင်း အဝတ်လဲခန်းထဲကနေ ထွက်လာတဲ့ ကောင်လေးကို ခြေဆုံးခေါင်းဆုံးကြည့်မိတော့ မြတ်သောမာန် ရင်ထဲ လှိုက်ကနဲ။ အပြာရောင်ဖျော့ဖျော့ ချည်သား Pajamas ဝတ်ထားသည့် ကောင်လေးက သူရှိရာ တစ်လှမ်းချင်း လျှောက်လာသည်။

မိုင်Where stories live. Discover now