Part 11 (Uni&Zaw)

Start from the beginning
                                    

ကုမ္မဏီရောက် အစည်အဝေးထိုင် ဖွားက ရာထူးလွှဲပေးတော့ အသက်ကငယ် လုပ်ငန်းအတွေ့အကြုံ က မရှိ  နဲ့ အငြင်း အခုန်ဖြစ် ဖွားကိုပဲဆက်အုပ်ချုပ်စေပြီး သူ့ကိုတော့အတွေ့အကြုံယူပါ ဆိုပြီး ​အဆိုပြုကြ နောက်ဆုံးဖွားက ရှယ်ယာအများ ဆုံး နဲ့ကိုင်ပေါက်မှ မကျေမနပ်လက်ခံကြသည်

ဒီီလိုနဲ့သူ အရမ်းကြိုးစားခဲ့ရသည် ရှယ်ယာရှင်တွေယုံကြည်လာအောင် သူ့အရည်အချင်း ကိုအများအသိအမှတ်ပြုအောင် လုပ်ဆောင်ခဲ့သည် လိုအပ်သည့်ပညာပိုင်းနှင့်ဆိုင်ရာ ကို အိမ်ခေါ်သင်ခဲ့သလို တခြား ဗဟုသုတ အတွေ့အကြုံကိုလဲ တစ်ဖက်တလမ်းကနေကိုယ့်ဘာသာ သိအောင်ကြိုးစားသည် နေ့မနား ညမနား ကြိုးစားခဲ့ခြင်းကြောင့် အခုဆိုသူ အောင်မြင်လာသည်

ကုမ္မဏီရဲ့ ရှယ်ယာရှင်တွေသာမက ဝန်ထမ်းတွေကပါသူ့ကို  ရှိန်ကြသည် သူသည်အနေအေးပြီး စကားပြောပြတ်သည် အားနာခြင်း အလျဥ်း မရှိပေ ဒါကလဲ သူ့လိုဘာမှနားမလည် ပဲ စီးပွားရေး လောကထဲခြေစုံ ပစ်ဝင်လာမှု အပေါ်မှာရိုက်ခတ်သော ဒဏ်တွေကြောင့် အခုလို​ အေးစက်မာကြောသော အသွင်ကူးပြောင်းသွားခြင်းပင်ဖြစ်တယ်

လူတစ်ယောက်နဲ့ မတွေ့တာ ကြာခြင်းကြောင့်လဲပါလိမ့်မည် သူကသာသတိရနေ ပေမယ့် ထိုလူကတော့ဘယ်ပျောက်နေသည် မသိ ဖွားဆီခွင့်တောင်းပြီးသွားရှာသော်လည်း အလုပ်ကော အိမ်ကောပြောင်း၍ သွားသည်ဟုသာ ကြားခဲ့ရတယ် ဘယ်ပြောင်းတယ် ဘာညာဆိုတာ မည်သူမှ မသိပေ ထိုလူကလဲ မချန်ထားခဲ့ အကုန်လက်စဖျောက် ထားခဲ့ခြင်းဖြစ်သည်  အချိန် ကြာလာတော့ သူလဲ ထိုလူတောင်မထားခဲ့သေးတာ သူကဘာကြောင့်ဆက်ရှာနေရမှာလဲ ဆိုပြီး မရှာပဲနေတော့သည်

သတိမရတဲ့နေ့မရှိခဲ့ပေ သတိရတိုင်း အတူသွာဖူးတဲ့နေရာတွေ သွားသည် စားသည်  သူ့ရင်ထဲ ထိုလူသာ စိုးမိုးထားသည် အချိန်တွေပြောင်းလာ တာနှင့်အမျှ သူ့ခံစာချက်ကို သူတဖြည်းဖြည်း ရိပ်မိလာသည် သူထိုလူကိုချစ်နေမိပြီဖြစ်သည်

နွေ...................................

မိုး....................................

ဆောင်း............................

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now