Part 42(Zawgyi&Unicode)

Start from the beginning
                                    

'ထိုင်လေ'

'ဟုတ် အန်တီ'

ခုံတန်းရှည်လေးမှာ ထိုင်နေရင်း ဝင်ထိုင်ဖို့ ပြောတာကြောင့် သွေးခန့်လဲ တစ်ဖက်ခုံတန်းထောင့်လေးမှာ နည်းနည်းခပ်ခွာခွာဝင်ထိုင်ကာ နွေဦးငယ်ရဲ့ မေမေဘက်ကို ခန္တာကိုယ် အတန်ငယ်စောင်းကာထားလိုက်တယ် ... နွေဦးငယ်လေးရဲ့ မိခင်က ဘာပြောပြော နားထောင်ဖို့ အသင့်ရှိနေတဲ့ ပုံစံ ...

'ဟိုတစ်နေ့က အန်တီပြောလိုက်တဲ့ စကားကို မင်း မိဘတွေဆီ ပြန်မေးဖြစ်လား မင်းဒီလို ဖြစ်နေတော့ ဘယ်လိုခံစားရလဲဆိုတာ'

'ဟုတ် ကျွန်တော့မှာ ဖေဖေမရှိတော့ပါဘူး အန်တီ ဆုံးသွားတာလဲ လပိုင်းလောက်ပဲ ရှိပါသေးတယ် ... ကျွန်တော့ အကြောင်းကို မေ့ကို ပြောပြတော့ မေက လက်ခံပေးတယ် ... ဒါပေမယ့် ကျွန်တော် ဟိုတနေ့က အန်တီ ပြောတဲ့ အတိုင်း မေ့ကို မေးကြည့်တော့ စသိသိချင်းတုန်းက စိတ်သောက ရောက်တယ်တဲ့ ... ဒါပေမယ့် ကျွန်တော်ချစ်တဲ့သူဆိုတာရယ် ကျွန်တော် ပျော်နေတယ်ဆိုတာနဲ့တင် စိတ်သောကတွေက ဘာမှ မဟုတ်တော့ပါဘူးတဲ့ ... ကျွန်တော်နဲ့ မေနဲ့ နှစ်ယောက်ပဲ ရှိတော့တဲ့ ဘဝမှာ မေက စိတ်ဝမ်းကွဲမှာ မျိုးတွေလဲ မလိုလားဘူး ထင်ပါတယ် ... အန်တီပြောသလိုပါပဲ ကျွန်တော့ကို ချစ်လွန်းလို့ လိုက်လျောပေးတယ်ဆိုတာက အဓိက အချက်ပါပဲ'

သွေးခန့်ရဲ့ အဖြေကို နွေဦးငယ်ရဲ့ မေမေက အဝေးတစ်နေရာကို ကြည့်နေရင်း ခေါင်းလေးညိမ့်ကာ နားထောင်နေသည်။ စကားဆုံးတော့ အဝေးကို ကြည့်နေရာကနေ သွေးခန့်ဘက်ကို ပြန်လှည့်ကြည့်လာသည်။

'အန်တီ ပြောခဲ့တာ မှန်နေတာပဲမလား ... သားသမီးကို ချစ်လွန်းလို့သာ ဘာမှမပြာပဲ ခွင့်ပြုပေးလိမ့်မယ် ... အနည်းနဲ့ အများတော့ မွေးထားတဲ့ မိဘက ခံစားရမှာပဲ ... အဲ့နေ့က မင်းပြန်သွားတော့ အန်တီတို့ ဘာစကားမှ ထပ်မပြောဖြစ်ကြဘူး ... ဧည့်ခန်းထဲမှာ ဒီတိုင်းပဲ ထိုင်နေခဲ့ကြတာ ... ဒါပေမယ့် သားငယ်က ငြိမ်ငြိမ်ထိုင်နေပြီး အသံတိတ်မျက်ရည်ကျနေတယ်တဲ့လေ'

ခေါင်းငုံ့ကာ နားထောင်နေတဲ့ သွေးခန့်ကတော့ ထိုစကားကို ကြားတဲ့အချိန်မှာ ခေါင်းငုံ့နေရာကနေ မော့ကြည့်မိသည်။ သွေးခန့်စိုက်ကြည့်လာတာကို မြင်တော့ နွေဦးငယ်ရဲ့ မေမေက တစ်ချက်ပြုံးပြီးမှ ဆက်ပြောသည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now