Part 7(Uni&Zaw)

Depuis le début
                                    

''ပါးပါးနဲ့မားမား လိုမျိုးလား ကောကော´´

''အင်း ဟုတ်တယ် ဝမ်လေး´´

''ဟင် ပါးပါးနဲ့မားမားက ဟိုဟာလေ ဟို´´

ဝမ်လေးမှာဆက်မပြောရဲပဲတစ်နေလေသည် မိန်းမနဲ့ယောကျာ်း ပြီးတော့လင်မယား ဆိုတာကိုပြောချင်ပေမယ့် နှုတ်ကမရဲချေ တခြားကိုသွက်လက်စွာပြောရဲပေမယ့် ဒါတော့ ပြောမထွက်ပေ

ရှောင်းကျန့်လဲအစကမေးနေတုန်းကရင်ခွင်ထဲကနေခေါင်းလေးမော့မော့ပြီး မေးနေတာ အခုဒီစကားနားရောက်မှ ရင်ခွင်ထဲ ခေါင်းလေးထိုးငုံသွားပြီး နားရွက်ဖျားလေးတွေနီလာတဲ့ အလွန်ရှက်ပြီးချစ်စရာကောင်းနေတဲ့ဝမ်ပေါက်စလေးကို အသဲယားနေသည် ပိုက်ဆံနှင့်တခြားအရာများကိုမသိမမြင်ဖူးပေမယ့် သူ့ပါးပါးနဲ့မားမား တော်စပ်ပုံကိုတော့သူသိနားလည်ထားပုံပင်  ဒါလဲဝမ်လေးပြောပြောနေတဲ့အဖွားဆိုသူကရှင်းပြ၍ပြောပြထားပုံရသည် ရှောင်းကျန့်ဝမ်လေးဆက်မပြောရဲတဲ့စကားသူကပြန်ဆက်၍ပြောသည်

''ဟုတ်တယ်လေ ဝမ်လေးရဲ့ ´´

''ဝမ်လေးပါးပါးမားမားလိုတော်စပ်တာကို သက်ဆိုင်သူလို့ပြောတာ  ချစ်သူကတော့ တရားဝင်တော့လက်မထပ်ရသေးဘူး တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ချစ်နေတဲ့သူ တွေကိုခေါ်တာ ´´

''ကော အဲ့လိုမိတ်ဆက်ပေးလိုက်လို့ ဝမ်လေးစိတ်ဆိုးသွားလားဟင်´´

''ရပါတယ် မဆိုးပါဘူး ကောကော ဝမ်လေးကိုစောစောကအခြေအနေကြိုရှင်းပြထားတာပဲကို ´´

''ဒါနဲ့သူတို့ကယုံကြပါ့မလား ကောကောနဲ့ဝမ်လေးက ယောကျာ်းလေးတွေလေ ပါးပါးနဲ့မားမားက ယောကျာ်းမိန်းမ မတူပဲနဲ့ ´´

''သူတို့ယုံကြမှာပါ အခုခေတ်မှာက Gender ခွဲခြားမှုသိပ်မရှိတော့ဘူးလေ ယောကျာ်းလေးချင်းဖြစ်ဖြစ် မိန်းကလေးချင်းဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ချစ်နေကြဖို့ပဲလိုတာလေ နောက်ပြီး  ကောကအဲ့လိုမျိုးနဲ့ပက်သက်ပြီးသူတို့ကိုစလဲမစနောက်ဖူးဘူး
အတည်တကျမိတ်ဆက်ပေးတာလဲဝမ်လေးကပထမဆုံးပဲ ဒါကြောင့်သူတို့ယုံကြည်ကြမယ်လိုကောထင်တယ်´´

အမှတ်မထင်ဖူးစားရှင် (Complete)Où les histoires vivent. Découvrez maintenant