အခန်း - ၁၉ (တာ့ယန့်မြို့)

Почніть із самого початку
                                    

ချူယွမ်က အကြည့်လွှဲလိုက်ကာ-

"ဒီကိစ္စ သွမ့်၀မ်နဲ့မဆိုင်ဘူး"

"ပြောမရဘူး။ ရှီးနန်စံအိမ်တော်က အကူအညီပေးကောင်းပေးနိုင်တယ်လေ"

"ကိုယ်တော့်ကို ကူညီချင်သပဆိုရင် အဲ့ဂိုဏ်းနဲ့သာ ​ေ၀း​ေ၀းနေပေး၊ ဟုတ်ပြီလား"

"ကိုယ်တော့်ကို ဟိုမိစ္ဆာမကြီး ပြန်ပေးဆွဲသွားမှာစိုးလို့လား"

ချူယွမ်လက်ထဲမှ လက်ဖက်ရည်ခွက်မှာ ခွမ်းခနဲ လွတ်ကျသွား၏။

"အရှင်မင်းမြတ်ဘုရား!!!"

ပစ္စည်းကျကွဲသံကြောင့် ရှစ်ဇီက အပြင်ဘက်မှ စိုးရိမ်တကြီး အော်မေးလာ၏။

"ဘာမှမဖြစ်ဘူး"

ချူယွမ်ပြန်မဖြေလိုက်ခင် သွမ့်ပိုင်ယွဲ့က လက်ဦးအောင် ဖြေလိုက်လေသည်။ သို့နှင့် ရှစ်ဇီလည်း စိတ်ချလက်ချဖြစ်သွားလေသည်။

ချူယွမ် - "........"

အခန်းတွင်းမှာ အတော်ပင် တိတ်ဆိတ်နေချေသည်။ သွမ့်ပိုင်ယွဲ့က အခွင့်ကောင်းယူကာ စားပွဲပေါ်ရှိ အချိုတည်းစရာမုန့်ကို ယူလိုက်ပြီးမေး၏။

"ဒါလေး စားလို့ရလား"

"အင်း ....အဆိပ်ခတ်ထားတယ်"

သွမ့်ပိုင်ယွဲ့က သဘောကျစွာ ရယ်မောလိုက်ပြီး တစ်ကိုက်ဖဲ့စားလိုက်သည်။ထို့နောက် ခေါင်းခါလိုက်ကာ-

"အရမ်းချိုတာပဲ ။ မင်းမကြိုက်လောက်ဘူး"

"ဗိုက်အရမ်းဆာနေတာလား"

"သုံးရက်ဆက်တိုက် မနားမနေ ခရီးထွက်လာရတာ ။ ဘယ်လိုနေမလဲ မင်း တွေးကြည့်"

သွမ့်ပိုင်ယွဲ့က မိမိအဖို့ မိမိဘာသာ လက်ဖက်ရည် ခွက်အပြည့်ငှဲ့ရင်းဖြေ၏။

ချူယွမ်လည်း ရှစ်ဇီကို ခေါ်လိုက်ကာ ပွဲတော်တည်ရန် ပြင်ဆင်ခိုင်းလိုက်လေသည်။

အရမ်းညဥ့်နက်နေပြီမို့ စားဖိုမှူးကလည်း လတ်လတ်ဆတ်ဆတ်ပင်လယ်စာမျိုး ချက်မပေးနိုင်တော့ဘဲ ခေါက်ဆွဲကြော်နှစ်ပွဲနှင့် ဟင်းအမယ်အနည်းငယ်ကို စားကောင်းအောင် ဖွယ်ဖွယ်ရာရာ ချက်ပေးလေသည်။

ဧကရာဇ်ဗျူဟာWhere stories live. Discover now