အပိုင်း [ ၈ ]

91.2K 10.5K 254
                                    

မိုင်မိုင်း စာကြည့်နေချိန် ည ၆ နာရီခွဲခန့်တွင် ခြံထဲသို့ မောင်းဝင်လာသည့် ဦးမြတ်သောမာန်ရဲ့ကားသံကို ကြားရသည်။ မိုင်မိုင်း စာကြည့်စားပွဲမှ ထပြီး အခန်းပြတင်းနား သွားရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဦးမြတ်သောရဲ့ကားလည်း အိမ်ရှေ့တွင် ရပ်လိုက်ချေပြီ။

မိုင်မိုင်း ကြည်ပြာရောင် ပြတင်းလှိုက်ကာစလေးကို အသာ လှပ်ဟပြီး ကြည့်မိချိန် သူ့အခန်းပြတင်းဆီ မော့ကြည့်လာသည့် မျက်ဝန်းတွေနှင့် တည့်တည့် ဆုံ၏။

အလျင်စလို ပြန်ပိတ်လိုက်မိလို့ လွင့်လူးသွားသော လှိုက်ကာစလို မိုင်မိုင်းရဲ့ ရင်ထဲတွင်လည်း အမည်အသိ ခံစားချက်တစ်မျိုးဖြင့် လှုပ်လှုပ်ရှားရှား
ဖြစ်သွားရလေတော့

မိုင်မိုင်း စာကြည့်စားပွဲတွင် ပြန်ထိုင်ပြီး မနက်ဖြန် Tutorial ဖြေရမည့် အဓိကဘာသာရပ်ကို ပြန်လေ့လာနေသည့်တစ်လျှောက်လုံး အညိုရင့်ရင့် မျက်ဝန်းတစ်စုံက သူ့အာရုံထဲမှာ တဝဲလည်လည်။

သူ စာကြည့်ပြီးချိန်က ည ရှစ်နာရီ။

မိုင်မိုင်း စာကြည့်စားပွဲကို သပ်သပ်ရပ်ရပ် ပြန်ရှင်းခဲ့ပြီးနောက် အိပ်ရာဝင်ဖို့ စိတ်ကူးကာ ညအိပ်ဝတ်စုံ တစ်စုံကို လဲဝတ်လိုက်ပါ၏။

မိုင်းမိုင်း ဒီည အိပ်ရာဝင်ချိန်က ခါတိုင်းထက်စော၍ထင်သည်။ အိပ်ရာပေါ် ဟိုလှိမ့် သည်လှည့်ဖြင့် သူ တော်တော်နှင့် အိပ်လို့ မပျော်ပေ။ ညနေ ငါးနာရီလောက်က စဲသွားသည့် မိုးက ညကိုးနာရီ မတ်တင်း၌ ထပ်ရွာပြန်ပြီ ဖြစ်သည်။

သူ ခုတင်ပေါ်မှ ဆင်းခဲ့ကာ စိတ်စေစားရာအတိုင်း အခန်းပြင်သို့ ထွက်ခဲ့လိုက်၏။ အခုချိန် အလုပ်လုပ်နေဦးမည့် ဦးမြတ်သောရဲ့ရုံးခန်းဘက်သို့ တစ်ချက် ကြည့်ပြီး သူ ခြေသံဖွလျက် လေသာဆောင်ဘက်သို့ ဆက်လျှောက်ခဲ့သည်။

စေ့ရုံ ပိတ်ထားသည့် တံခါးမကြီးနှစ်ချပ်ကို အသာအယာ တွန်းဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မိုးအငွေ့အသက်ဖြင့် အေးစိမ့်နေသည့် လေထုက သူ့တစ်ကိုယ်လုံးကို ခပ်သော့သော့ လာတိုးဝှေ့၏။ အနွေးထည်မပါဘဲ ပိုးသားညအိပ်ဝတ်စုံသာ ဝတ်ထားသည့် သူ လက်နှစ်ဖက်ကို ပိုက်ရင်း လေသာဆောင် အမိုးစပ်ထိ တိုးသွားမိသည်။

မိုင်Where stories live. Discover now