"ဝူတန်.. အမိန့်တော်ကိုဖတ်လိုက် "

" အမိန့်နာခံလျက်ပါ "

ဝူတန်စာပေလွှာကိုဖြန့်လိုက်ပြီး

" ပညာရှီအမတ်ဝမ်မင်ဟုန် နန်းတွင်းရာထူးကပြုတ်ပြီး  ဟန်ကျိုးကို နယ်စားမင်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ရမယ်  "

" မင်းကြီး! "

မထင်မှတ်တဲ့အမိန့်ကြောင့် ဝမ်မင်ဟုန်
မင်းကြီးကို မော့ကြည့်လိုက်သည်

" မြန်မြန်အမိန့်မနာခံဘူးလား "

ဝမ်မင်ဟုန် ဝူကျီကမ်းပေးတဲ့ အမိန့်ပေလွှာကို လက်ခံလိုက်ပြီး ခေါင်းအသွင်သွင်ငုံ့ကာ
ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် မင်းကြီး "

" ၂ရက်အတွင်းထွက်ခွာပါ "

"သားတော်ကိုတစ်ခေါက်လောက်တွေ့ခွင့်ပေးပါ မင်းကြီး "

"မရဘူး "

မင်းကြီးပြတ်သားစွာပြောပြီး နန်းဆောင်ကထွက်သွားသည်။ ဝမ်မင်ဟုန် တုန်ယင်စွာနဲ့ ထရပ်လိုက်သည်။

"ကြင်ယာတော်အတွက်တော့ ဝမ်အမတ်ကြီးစိတ်ချလိုက်ပါ မင်းကြီးက ကြင်ယာတော်ကို့ ညီတစ်ယောက်လို့ သတ်မှတ်တာကြောင့် ကြင်ယာတော် ဘေးအန္တရာယ်ကင်းပါတယ် ဒီထက်ပိုပြီး ဘေးအန္တရာယ်ကင်းဖို့က ဝမ်အမတ်ကြီးပေါ်မူတည်သွားပါပြီ "

ဝူကိုယ်ရံတော် ကြင်ယာတော်ကို
စိတ်ချဖို့ဆိုလိုက်သည်။

"ကျွန်တော့်မနက်ဖြန်ချက်ခြင်းထွက်သွားပါမယ် မသွားရင် တစ်ခုလောက်တောင်းဆိုပါရစေ "

"ပြောပါ "

" သားတော်မျက်နှာကို အဝေးကနေပဲ ဖြစ်ဖြစ် တစ်ခေါက်လောက်ကြည့်ပြီး သွားပါရစေ "

" အမတ်ကြီးက ကြင်ယာတော်ဘာမှမဖြစ်ဘူးဆိုတာ မယုံကြည့်ဘူးပဲ ကြင်ယာတော်ကို ဝမ်ယင်လို့ သတ်မှတ်နေသ၍ ကြင်ယာတော် အန္တရာယ်ကင်းပါတယ် "

"တစ်ခေါက်လောက်ပါပဲ ဝူကိုယ်ရံတော် ကျွန်တော့်မျိုးကို ကူညီပေးပါ "

"ကြင်ယာတော်က နန်းတွင်းမှာမရှီဘူး မနက်ကတည်းကယွမ်မိဥယျာဥ်ကိုသွားပါတယ် ကြင်ယာတော် နန်းတွင်းမှာမရှီတဲ့အချိန် မင်းကြီးက ခင်ဗျားကိုခေါ်တွေ့တာပါ"

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now