အခန်း (၁၃)/က

Start from the beginning
                                    

ရန်ရှီးနဉ်မျက်လုံးတွေပြူးကျယ်လာပြီး စပ်ခနဲထထိုင်လိုက်သည်။ "အစ်ကိုကြီးကမလုပ်ချင် ချင်... "

ရန်ရှီးနဉ် တံတွေးမျိုချပြလိုက်သည်။ (စကားကိုဆက်မပြောရဲလို့တံတွေးမျိုချပြတာကိုပြောတာနော်:3)

"ဖူးရန်၊ မင်းဘာတွေတွေးနေတာတုန်း? " ဖေ့ကျင်းကမေးလိုက်သည်။ "ကိုယ် သူမကို ဟွမ်းကော်ရဲ့အိမ်တော်ကိုပြန်သွားခိုင်းစေချင်နေတာ"

ရန်ရှီးနဉ် စိတ်ထဲကနေ ဖေ့ကျင်းကိုကျိန်ဆဲလိုက်သည်။ အသက်ဘေးကိုထိပါးလာနိုင်သောခြိမ်းခြောက်မှုမျိုးပေါ်မလာခင် သူ စုယွဲ့ကိုမသတ်လျှင် သူ့အတွက်ကောင်းကျိုးရှိလာမည်မဟုတ်ချေ။

"ဒါမဲ့ ကိုယ်သူမကို ပြန်ပို့ဖို့ရာ အကြောင်းပြချက်ကောင်းကောင်းလေးလိုအပ်နေတယ်"ဖေ့ကျင်းကပြောသည်။"ကိုယ့်ကိုကာမလှုံ့ဆော်ဆေးခတ်တာကိုအပြစ်ရှာပြီးပြန်ပို့တာက အကြောင်းပြချက်မကောင်းသေးဘူး။ သူမကိုက ကိုယ့်ကိုခစားပြုစုဖို့ပေးထားတာဆိုတော့ ဟွမ်းကော်က မင်းကလည်းကွာ သူက မင်းကိုခစားဖို့စိတ်မရှည်တော့လိုနေမှာပါ ခွင့်လွှတ်ပေးလိုက်ပါကွာဆိုပြီး ကိုယ့်ကိုခွင့်လွှတ်ပေးဖို့ သေချာပေါက်ခိုင်းမှာဘဲ"

"အစ်ကိုကြီး ရှင်ဘာဆက်လုပ်ချင်လဲ? " ရန်ရှီးနဉ်ကမေးလိုက်သည်။"ကိုယ့်မှာ အစီအစဉ်တစ်ခုရှိတယ်..." ဖေ့ကျင်းကပြန်ပြောသည်။"မနေ့က ကိုယ် မင်းနဲ့ပူးပေါင်းပေးတယ်နော်။ ဒီနေ့တော့ကိုယ် မင်းအကူအညီလိုအပ်တယ်"

ရန်ရှီးနဉ်လည်း ဖေ့ကျင်းပြောပြနေသောအစီအစဉ်ကိုနားထောင်နေသည်။ "အစ်ကိုကြီး၊ အစေခံတစ်ယောက်ကိုဟွမ်းကော်အိမ်တော်ကို ပြန်ပို့ဖို့အရေးလေးကိုဘဲ ရှင်ကနက်နက်နဲနဲတွေ တွေးနေတာလား?"

ဖေ့ကျင်းသည် ရန်ရှီးနဉ်လေးကိုပွေ့ဖက်လိုက်ကာပြုံးလိုက်သည်။ "ဖူးရန်၊ မင်းလေးကသူမကိုမုန်းနေတဲ့သူတစ်ယောက်မလားလို့?မင်းလေးပျော်ရွှင်ဖို့အတွက် မင်းခင်ပွန်းကအရာရာဖြည့်ဆည်းပေးမှာပါ" "အစ်ကိုကြီး၊ ရှင်ကလူတစ်ယောက်ကိုသတ်ဖို့ ဓားမြှောင်ငှားနေတယ်လို့ ခံစားနေရတာပါလိမ့်? " ရန်ရှီးနဉ်ကမေးလိုက်သည်။ (R:နဉ်လေးပြောတာက ဖေ့ကျင်းက နဉ်လေးအတွက်မတတ်သာလို့မလုပ်ချင်ဘဲ လုပ်တော့မယ့်သဘော)

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now