" ဆက်ပြီးဟန်ဆောင်ရမှာလား "

"အင်း ကိုယ်တော့်ကဝမ်လေးယောက်ကျားလေးမှန်း
မသိခဲ့ဘူး လုံးဝမသိဘူး ဝမ်လေးကကိုယ်ရဲ့မိန်းကလေးပဲ ကိုယ်တော်ဘာဆိုလိုလဲ နားလည်ပြီလား "

ဝမ့်ယွမ်ခေါင်းညိတ်လိုက်သည်

" မငိုနဲ့ အားမငယ်နဲ့ နန်းတွင်းထဲမှာ ကိုယ့်တော့်ရဲ့ ကြင်ယာတော်အဖြစ် ရဲရဲဝံ့ဝံ့နေသွား ဘာအရာကိုမှကြောက်စရာမလိုဘူး "

" ကျွန်တော့်မျိုးတကယ်ပဲ အဲ့လိုနေလိုရလားဟင် "

" ရတာပေါ့ ကိုယ်တော်ကိုမချစ်ဘူးလား "

"ချစ်တယ်...အရမ်းချစ်တယ် ပြီးတော့ ကျေးဇူးလည်းအများကြီးတင်ပါတယ် အဟင့်...ဟင့် ကျွန်တော်သေပြီမှတ်နေတာ "

ငိုနေတဲ့ကောင်လေးကို ကုတင်ပေါ်ပွေ့ချီကာ နမ်းလိုက်သည် 

"အရှင် "

နမ်းနေရာကနေခွာတော့ သူကိုမျက်လုံးဝိုင်းဝိုင်းနဲ့
ကြည့်နေတဲ့ ကောင်လေး

"ကောင်လေးဆိုတော့ နာမှာပဲ
ဘယ်လိုလဲ ကိုယ်တော့်နဲ့ အတူအိပ်ဖို့သတ္တိရှီလား  "

ဝမ်ယွမ်ခေါင်းညိတ်လိုက်တာနဲ့ မင်းကြီးခြင်ထောင်ကိုချလိုက်သည်

🕌

🌞🌞🌞

" ကြင်ယာတော်နိုးရင် သူ့အဆောင်မပြန်စေနဲ့ ရေချိုးဖို့ပြင်ဆင်ပေးထား ကြင်ယာတော်ရေချိုးရင်လည်း သူနားမှာ ဘယ်နန်းတွင်းသူမှမထားပဲ အပြင်ထွက်နေပါ "

" အမိန့်တော်တိုင်းပါ "

" အန့်ကူးကူး ! "

" ကျွန်တော်မျိုးမ သိပါတယ် အရှင်မင်းကြီး "

" သွားတော့ "

အန်ကူးကူးထွက်သွားတော့ ဝူကျီနဲ့ အားနင်က သူ့ကိုကြည့်နေကျသည်

" ကြင်ယာတော်က ဝန်ခံလိုက်ပြီး "

"အရှင်မင်းကြီး! "

"ပြီးတော့ ငါ့သူ့ကိုဆုံးရှုံးရမှာ ကြောက်လို့
ညကကြင်ယာတော်နဲ့ အတူနေလိုက်တယ် "

" ဂုဏ်ပြုပါတယ် အရှင်မင်းကြီး. "

အရှင်...ဝူကျိ နဲ့အားနင်ကိုပြုံးပြလိုက်ပြီး

" တကယ်စိတ်ရင်းနဲ့လား င့ါကိုရူးနေတဲ့မင်းကြီးလို့
မင်းတို့စိတ်ထဲမှာ တွေးနေတယ်မဟုတ်လား "

" မဟုတ်ရပါဘူး မင်းကြီး "

"ဝမ်လေးကိုမြင်မြင်ချင်းချစ်မိလို့ ကြင်ယာတော်နေရာကို အစားထိုးလာအောင် င့ါလုပ်ခဲ့တယ် ငါ့ကရူးနေတဲ့ ဘုရင်မှတ်လား "

"ရူးတာမဟုတ်ပါဘူး ချစ်မြတ်နိုးတာပါ ကျွန်တော့်မျိုးတို့နားလည်ပါတယ် သေတဲ့ထိလည်း မင်းကြီးအပေါ် သစ္စာရှီနေမှာပါ "

"ငါ့ကိုအဲ့လိုမြင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဝူကျိ "

" ကျွန်တော့်မျိုးလည်း ဒီကိစ္စကိုအုပ်ဂူထဲထိယူသွားမှာပါ မင်းကြီး "

အားနင်စကားကြောင့် မင်းကြီးခေါင်းညိတ်လိုက်ပြီး ညီလာခံကို ထွက်လာလိုက်သည်။

🕌

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now