"ရက်ပေါင်း1095ရက်"
အပြာရောင်မှတ်စုစာအုပ်လေးအောက်တွင် ရေးခြစ်နေသော
ကောင်လေးတစ်ယောက်....။
နဖူးပေါ်တွင်ကျဆင်းနေသော ခပ်အုပ်အုပ်ဆံပင်လေးနှင့်
မျက်မှန်ဝိုင်းကြီးကြောင့် သူကကလေးကြီးတစ်ယောက်လို...။
"မောင် ကြိုက်ပါ့မလား..."
အစိမ်းရောင်ဘူးစိမ်းလေးမှနာရီလေးကိုကြည့်ကာ
မြူနှင်းယောင်တစ်ယောက် စိတ်လေးလံစွာပြောလိုက်သည်။
'မောင်.....'
ခရမ်းရောင်ခပ်ဆန်းဆန်းဆံပင်နှင့် တွေ့တွေ့ချင်းဆေးလိပ်သောက်အုံးမလား
မေးသောကျောင်းသားကို ဘယ်ဆရာမှမေ့မည်မထင်..။
ဆယ်တန်းအောင်ပြီးနောက် ဆရာရဲ့ ကျုရှင်မှာ ပညာဒါန ဝင်သင်ရင်း မြူသည် မောင်နှင့် အကြောင်းမလှစွာတွေ့ဆုံခဲ့ပုံက ဒီလိုမျိုး....."
"ဆရာ မင်းကို အကူအညီကို တောင်းတာပါ မြူ
ဒီကျောင်းသားက မင်းလိုစိတ်ရှည်တဲ့သူနဲ့မှ အဆင်ပြေမှာမို့
တစ်ဖက်မှာလည်းဆရာသူငယ်ချင်းအရင်းကြီးရဲ့ သားဖြစ်နေလို့
မြူ အဆင်ပြေရင် ဆရာ အကူအညီတောင်းပါတယ်...."
ို ဆရာရဲ့တောင်းဆိုသံကို မြူမငြင်းရက်.. .။
ဒီလိုနဲ့ပဲ အဆိုးလေးမောင့်ကို မြူတွေ့ခဲ့ရသည်။
"မင်္ဂလာပါ ခင်ဗျ မြူနှင်းယောင်ပါ.. "
အပ်ကျသံတောင်မကြားရသော နေရာကြီးတွင် မြူတစ်ယောက် နေရခက်လာသည်။
"မင်္ဂလာပါ ဦးနာမည်က ခန့်ဇော်ပါ
ဦးသားကို စာလာသင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
"မဟုတ်တာ
ကျွန်တော်ကဆရာပဲ...အဲ...ဟိုဆရာအစစ်တော့မဟုတ်ပေမဲ့.."
"မဟုတ်တာ ဆရာလေးရယ်
စိုင်းကို စာလာသင်တယ်ဆိုကတည်းက
ဆရာရဲ့ သတ္တိကို ဦးခန့် လေးစားပါတယ်.. "
မြုတစ်ယောက် နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံလိုက်ရသလို
ခန္တာကိုယ်တစ်ခုလုံး အေးစက်သွားသည်။
