Chapter 10 ( Zawgyi)

Start from the beginning
                                    

ဒီဆရာ​ဂျောင်​ ပြဿနာရှာတာ အခုက ပထမဆုံးမှမဟုတ်​​တော့တာ။

" ကျွန်​​တော်​​တောင်းပန်​ပါတယ်​...အလယ်​တန်း အတန်းကို ဆရာ​ဂျောင်​ကို ပြန်​​ပေးပါ့မယ်​ "

မတုန်​မလှုပ်​ဘဲ ​ရှောင်​ကျန့်က ​အေး​ဆေး​ပြောလာ​တော့
ဆရာ​ဂျောင်​က လက်​ညိုးထိုးပြီး ပြန်​​ပြောတယ်​။

" သတိထား​နေ....ငါ့​နေရာလာလုရင်​ စီနီယာ​တွေ
ဘာ​တွေမသိဘူး..."

" အင်း....ကျွန်​​တော်​ အတန်းရှိလို့ ခွင့်​ပြုပါအုန်း.."

အခန်းထဲက ထွက်​လာတဲ့ ​ရှောင်​ကျန့်​က ​ခေါင်းခါရင်း
သက်​ပြင်းချသွားတာကို တံခါးချပ်​အ​နောက်​ ၀င်​ပုန်းလိုက်​တဲ့ ​ရိ​ပေါ်မြင်​လိုက်​တယ်​။

အခန်းထဲကျန်​ခဲ့တဲ့ ဆရာ​ဂျောင်​က စားပွဲ​ပေါ်တင်​ထားတဲ့
စာအုပ်​​တွေကို ​လော့ခ်​ကာထဲ ထည့်​ဖို့်ယူသွားရင်း
လော့ခ်​ကာနံပါတ်​ကို ရိုက်​​နေတယ်​။

နံပါတ်​​လေး​တွေရှိ​နေတဲ့​နေရာမှာ Zero buttom
ကို ​လေးခါဆက်​တိုက်​​နှိပ်​လိုက်​​တော့ ​လော့ခ်​ကာပွင့်​သွားတယ်​။ စာအုပ်​​တွေကို ​နေရာတကျထား​ပြီး ​နောက်​ပြန်​အလှည့်​မှာ မတ်​တပ်​ကြီးရှိ​နေတဲ့ ရိ​ပေါ်ကို​တွေ့​တော့ ရင်​ဘတ်
ဖိပြီး လန့်​ပြတယ်​။

ကြောက်​တတ်​လိုက်​တာ.....။

" ၀မ်​ရိ​ပေါ်....အသံ​လေး ဘာ​လေး​ပေး​လေ...
ရောက်​​နေရင်​....ခွင့်​​တောင်းရမှာ နားမလည်​ဘူးလား "

" ဆရာပင်းက အစည်းအ​ဝေးစ​တော့မယ်​လို့ ​ပြောခိုင်းလိုက်​လို့ "

" အင်း....ဒါပဲမလား သွား​တော့ "

အခန်းထဲကပြန်​ထွက်​လာတဲ့ ရိ​ပေါ်ရဲ့ နှုတ်​ခမ်း​တွေက
ကွေးလို့။ တစ်​ခုခုကို ​ကျေနပ်​သွားတဲ့ အပြုံးမျိုး။

...

PT ချိန်​မို့ ​​ကျောင်းသား​တွေ အားကစားရုံဆီ​ရောက်​​နေကြတယ်​။ အားကစားမလုပ်​တဲ့​ကျောင်းသားတစ်​ချို့က​တော့
ကော်​ရစ်​တာ​တွေ အခန်း​တွေထဲ ရှိ​နေကြတယ်​။

Douleurs Rouges  [ Completed ]Where stories live. Discover now