သေတော့ရော… ဘာအရေးလဲ… ဒီအတိုင်းအသေခံမယ့်အစား… တိုက်ရင်းသေတာက ပိုကောင်းတယ်…!!!
အော်ဟစ်သံ၊ ဓါးအချင်းချင်း ပွတ်တိုက်သံ၊ မြင်းဟီသံ၊ မာန်သွင်းသံတို့က တဖြည်းဖြည်း မြင့်တက်လာသည့် နေဝန်းနီနီနှင့် အပြိုင်ပင်။ မို့ရန်သည် အစ်ကိုကြီးဖူတို့နားကနေ မခွာဘဲ တိုက်ခိုက်သည်။ ဘေးကနေ ခြေထောက်ကို အားပြုရပ်ရန် အခက်အခဲရှိသည့် အစ်ကိုကြီးဖူကို ကာကွယ်ရင်းပေါ့။ တိုက်ခိုက်ရင်းနှင့်ပင် နဂါးနီတပ်မှ စစ်သည်များ ပိုမိုများပြားလာသည်ဟု မို့ရန်ထင်မိသည်။ သူမနှင့် ခပ်လှမ်းလှမ်းရှိ နဂါးနီတပ်မှ စစ်သည်သည် တိုက်ခိုက်ရေးအလွန်ကျွမ်းကျင်ပုံရသည်။ လက်တစ်ချက်အဝှေ့မှာပင် သူမတို့ဘက်က စစ်သည်သုံးဦးကို ဓါးဖြင့် ခုတ်ပိုင်းပြီးသားပင်။ ထိုစစ်သည်၏ ဘေးတစ်စောင်းပုံရိပ် ကိုသာမြင်ရသည့်အတွက် မျက်နှာကို ဝိုးတဝါးသာ တွေ့ရသည်။ ဓါးရေးကျွမ်းလှသည့်အတွက် ခဏမျှငေးကြောင်ကာ ကြည့်မိလေသည်။"ရိန်း…."
ခေါ်သံကြောင့် သူမသတိပြန်ကပ်သွားပြီး အနားသို့ရောက်လုနီးဖြစ်သည့် လှံကို ငုံ့ရှောင်ကာ ဓါးဖြင့် ကာကွယ်လိုက်သည်။"သတိထား… ကောင်လေး… မငေးမိစေနဲ့…"
ခေါင်းကိုသာ ပြန်ညိတ်ပြပြီးရန်သူကိုသာ အာရုံစိုက်တော့သည်။ နာရီဝက်ခန့်မျှအကြာတွင်ပင် မို့ရန်တို့ဘက်မှ စစ်သည်များ လျှော့နည်းလာသည့်ခဏတူ……. တူ…………. တူ……….
ကျွဲချိုမှုတ်သံတို့ ဘေးပတ်ပတ်လည်မှ ထွက်ပေါ်လာသည်။ အားလုံးသည် တိုက်ခိုက်နေရာကနေ ခဏမျှ တုံ့ဆိုင်းသွားပြီး ဘေးဘီဝဲယာကို ကြည့်မိကြသည်။ကျား…….
တက်… တက်…
ဝမ်းခေါင်းမှလာသော အော်သံများနှင့်အတူ ရွှေလင်းယုန်စစ်သည်တို့ မြောက်မြားလှစွာပင် ထပ်မံပေါ်ထွက်လာချေသည်။ နဂါးနီစစ်သည်တို့ ရုတ်တရက်ပြောင်းလဲသွားသည့် အခြေအနေကြောင့် ငေးကြောင်လျက်သား။ နောက်မှ အသိဝင်လာကာ တိုက်ခိုက်နှုန်းကို ယခင်ကထက် ပိုသွက်စွာပင် တိုက်ပွဲဝင်ကြသည်။
နှစ်ဖက်ပူးတိုက်နည်း…. ပြီးရင် ရန်သူပြေးပေါက်မရှိအောင် ပိတ်ဆို့ထားဦးမှာပေါ့…!!!
မို့ရန် နှုတ်ခမ်းတို့ မသိမသာတွန့်ကွေးသွားသည်။ စစ်သူကြီးကောင်းဟွာရှန့်၏ တိုက်ပွဲတွင်ရက်စက်စွာ သတ်ဖြတ်တတ်ပုံတို့ကို သူမနားနှင့်မဆံ့ ကြားထားရသည့်အတွက် ဒီနေ့တိုက်ပွဲက အဖြေမေးရန် မလိုတော့သည်ကို သူမတွေးမိပြီးသား။ မျက်ဝန်းထောင့်နား အရိပ်တစ်ခု ဖြတ်ကနဲပြေးဝင်လာသည့်အတွက် အသည်းအသန် ရှောင်မိပြီး ဘေးသို့ လှိမ့်ထွက်လိုက်သည်။ အစ်ကိုငါးက ထိုသူကို ကိစ္စတုံးပေးလိုက်သည်။
မို့ရန် မျက်ဝန်းထဲ စောနက တိုက်ခိုက်ရေးကျွမ်းကျင်လွန်းသည့် စစ်သည်ကို မြင်မိပြန်သည်။ ထိုစစ်သည်က တိုက်ခိုက်နေရင်းကနေ သူ၏မျက်နှာသည် မို့ရန်ဘက် လှည့်လိုက်စဉ် သူမ၏ နှလုံးခုန်သံတို့ ရပ်သွားသည်ဟု ထင်မိသည်။ နှုတ်ကလည်း
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)
အပိုင်း (၆၄)
Start from the beginning