"မယ်တော်ကြီး ဒီကလေးကိုအလိုမလိုက်သင့်ပါဘူး "

" ကြင်ယာတော်ကို မိဖုရားတွေထက် အဆင့်နိမ့်တယ်ထင်ပြီး မဆင်မခြင်ပြောဆိုနေတာလား
စူရင်း "

" တောင်းပန်ပါတယ် မယ်တော် "

မယ်တော်က ဝမ်ယွမ်လက်ကိုကိုင်ပြီး
ပြန်ပြုံးပြလိုက်သည်။

" အရမ်းလှပတဲ့နတ်သမီးလေးပဲ "

ဝမ်လေးသူရဲ့အလှအပကိုချီးကျူးတာကြောင့် ပျော်ပြီး ပြုံးမိ၏။ အရင်တုန်းက မပျော်ပေမဲ့ ဘုရင်ရဲ့မိခင်က ချီးကျူးတာကြောင့် သူပျော်သည်။

"ကြင်ယာတော်အခုပြေးလာတာက
ဘုရင်နန်းဆောင်ဘက်ကပဲ
ဘုရင်မင်းမြတ်ကခေါ်အိပ်တာလား "

ဝမ်ယွမ်ခေါင်းညိတ်ပြလိုက်သည်။

" နန်းတွင်းထဲမှာလျှောက်ပြောရဲတယ် သေစေချင်လို့လား ဘုရင်ကသူအချစ်ဆုံးမိဖုရားတောင် နန်းတွင်းဆောင်ကို ညခေါ်မအိပ်ဘူး "

ဖြန်း!

မယ်တော်ပါးစပ်ပိတ်မနေတဲ့အထိန်းတော်စူးရင်းပါးကိုချလိုက်၏ ဝမ်ယွမ်လန့်ပြီး ပုခုံးတွန့်သွားမိသည်။

" ကျွန်တော်မျိုးမသေသင့်ပါတယ် "

စူးရင်းလန့်ပြီး ဒူးထောက်လိုက်တာကြောင့်
နောက်ကနန်းတွင်းသူအားလုံးလည်းလိုက်ပြီး
ဒူးထောက်လိုက်ကျသည်

" မယ်တော် ခွင့်လွှတ်ပေးပါ  "

မယ်တော်ကဝမ်ယွမ်ကိုကြည့်ကာ

" ဘယ်လိုလဲ ခွင့်လွှတ်သင့်လား "

" ကျွန်မစိတ်မဆိုးပါဘူး မယ်မယ် "

" စိတ်ထားကောင်းလိုက်တာ မင်းကြီးကစိတ်ထားကောင်းပြီးလှပတဲ့ ကြင်ယာတော်ကို သဘောကျပြီး သူ့နန်းဆောင်ထိတောင်ခေါ်အိပ်တာထင်တယ် "

" မယ်မယ်ချီးမွန်းလွန်းလှပါတယ် "

" အားလုံးကြင်ယာတော်ကို
ကျေးဇူးတင်စကားပြောကျလေ  "

"အသက်ချမ်းသာပေးတဲ့အတွက်
ဝမ်ကြင်ယာတော်ကို ကျေးဇူးတင်ပါတယ် "

"ရပါတယ်..မယ်တော်ကျွန်မ.."

အလျှင်လိုနေတဲ့ ဝမ်ကြင်ယာတော်ကို
မယ်တော်က ပြုံးပြပြီး

" မိဖုရားကိုနှုတ်ဆက်ဖို့နောက်ကျမှကြောက်နေတာလား "

ဝမ်ယွမ်ခေါင်းညိတ်လိုက်သည်။

" မိဖုရားကြီးကိုကြောက်လား "

"ဟုတ်ကဲ့ "

" ကြောက်စရာမလိုဘူး မသွားချင်ရင်မသွားနဲ့
သူပြဿနာရှာရင် မယ်တော်ဆီကိုသာပြေးလာခဲ့နော် "

နွေးထွေးလွန်းတဲ့မယ်တော်စကားကြောင့်
ဝမ်ယွမ်ပြုံးလိုက်၏

"များများပြုံးပေး ချစ်စရာကောင်းတယ်
ဒါနဲ့ ကြင်ယာတော်က ဆယ်ရှစ်နှစ်ပြည့်ပါပြီနော် "

"ဟုတ်ကဲ့ "

" ခန္ဓာကိုယ်ကမထွားလာပဲ သေးသေးလေးပါ့လား သားတော်အကြိုက်က ထူးဆန်းလှပါပေ့ အဆောင်ပြန်ပြီး အနားယူပါတော့ "

"ဟုတ်ကဲ့ "

ဟုတ်ကဲ့ဆိုပြီးပြေးထွက်သွားတဲ့ ကြင်ယာတော်ကို
ကြည့်ပြီး မယ်တော်ပြုံးမိသည် စူရင်းကထရပ်ကာ

" စူရင်းတာဝန်ကျေပွန်ပါသလား မယ်တော် "

" အင်း..မင်းတော်တယ် ကြင်ယာတော်က
တကယ်စိတ်ထားနှလုံးသားဖြူစင်တဲ့သူပဲ "

" နန်းတွင်းသူတစ်ယောက်မှမပါပဲ
လျှောက်ပြေးနေပုံက ချစ်စရာကောင်းလှပါတယ် "

" အင်းစူရင်း..တကယ်မာန်မာနကင်းတဲ့ကလေးတစ်ယောက်ပဲ "

"ဟုတ်ပါတယ် မယ်တော် "

🕌

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ် "

"​မြန်မြန်လျှောက်တင်စမ်း "

သူရှေ့အခစားဝင်တဲ့ဝူတန်ကိုပြောလိုက်ခြင်းဖြစ်သည်။

ကြင်ယာတော်မှာမောင်လေးတစ်ယောက်ရှီပါတယ် နာမည်ကဝမ်ယွမ်သခင်လေးပါ "

"အမတ်ကြီးကဘာလို့သူ့ရဲ့သားတော်ကို
ဖုန်းကွယ်ထားတာလဲ "

" ဘယ်လိုကြည့်ကြည့်ယောက်ကျားလေးနဲ့မတူပဲ အစ်မတော်ထက်ကို ရုပ်ရည်ရူပကာအဆင်းလှပတာကြောင့် ဖုန်းကွယ်ထားတယ်လို့သိရပါတယ် "

"အသက်က "

"အတိအကျမသိသေးပေမဲ့
၁၄နှစ်တောင်ပြည့်မယ်မထင်သေးပါဘူး မင်းကြီး "

" ၁၈နှစ်နဲ့၁၄နှစ် "

"ကြင်ယာတော်နဲ့ လေးနှစ်ကွာပါတယ် မင်းကြီး "

" ကြင်ယာတော်ကိုထပ်ပြီးတွန်းအားပေးဖို့လိုပါတယ် မင်းကြီး "

အားနင်ဝင်ပြောလိုက်သည်

"အင်း "

မင်းကြီးခေါင်းညိတ်လိုက်သည်။

May 8 2020
Edit Sep 22 2021

🕌

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now