အခန်း ၁၈။ နှုတ်​ဆက်​ပါတယ်​ချစ်​ရသူ...ဒါကခဏ​လောက်​ပါပဲ။

En başından başla
                                    

ခေတ်​လည်းသက်​ပြင်းတိုးတိုး​လေးချမိသည်​။ ပြန်​လာ​တွေ့နိုင်​သည်​ဆို​သော်​လည်း ဘယ်​အချိန်​အထိ လွမ်း​နေရမည်​က မှန်းဆမရနိုင်​။ မခွဲခွာခင်​ ရင်​တွင်းမှချစ်​ခြင်​တရားတို့ကို ဖွင့်​ဟလို​သော်​လည်း အ​ခြေအ​နေကမဖြစ်​နိုင်​​သေး​ပေ။

"ကိုယ်​ခဏ​လောက်​ ဖက်​ထားလို့ရမလား"

ခေတ်​​တောင်းဆို​တော့ သျှိုင်း​ခေါင်းညိတ်​ပြသည်​။ ​ခေတ်​လည်း သျှိုင်းကိုရင်​ခွင်​ထဲထည့်​ကာ ​ထွေးဖက်​ထားရင်း ဆံနွယ်​​ပျော့​ပျော့က်ု ခိုးယူနမ်းရှိုက်​မိသည်​။ အ​တော်​​လေးကြာ​တော့မှ အသာပြန်​လွှတ်​​ပေးကာ ​နောက်​​ကျောခိုင်းကာ ထွက်​လာ​လိုက်​သည်​။

"အစ်​ကို..... ဟို​ရောက်​ရင်​ ဖုန်းပြန်​ဆက်​မယ်​မလား.....ပြီး​တော့.... ကျန်းမာ​ရေး... ဂရုစိုက်​ပါ....."

ခေတ်​​စကားပြန်​မ​ပြော​တော့ဘဲ ​ခေါင်းသာညိတ်​ပြခဲ့သည်​။ အ​ကြောင်​ရင်းက သူ့မျက်​ရည်​​တွေဝဲ​နေပြီမို့ပင်​။ သူဝမ်းနည်း​နေတဲ့ပုံစံကို ချာတိတ်​ကိုမသိ​စေချင်​။ ဒါ​ပေမယ့်​ အဖျားတုန်​သွားသည့်​အ​နေအထားအရ ချာတိတ်​လည်း သူ့လိုပင်​ ခံစား​နေရမည်​ဆိုတာ ​ခေတ်​သိ​နေပါသည်​။

**********

"ကျွန်​​တော်​ဘာဖြစ်​​နေတာလဲအစ်​ကို ခင်​တာရက်​ပိုင်းပဲရှိ​သေးတဲ့လူတစ်​​ယောက်​ အချိန်​တန်​လို့ အိမ်​ပြန်​သွားတာကို ဘာလို့အရမ်းငိုချင်​​နေရတာလဲဗျာ ကျွန်​​တော်​တို့က ဘာမှဆိုင်​တာလဲ မဟုတ်​ပါဘဲနဲ့..."

မြစ်​​ရေပြင်​ဆီအကြည့်​ကိုပို့ထားရင်း သျှိုင်းတိုးတိုး​လေး​ရေရွတ်​မိသည်​။ သူဘာဖြစ်​​နေတာလဲ တစ်​ကယ်​မသိ​တော့ပါ။ ရာသီဥတုကြီးက ညို့မှိုင်း​နေတာ​ကြောင့်​များ လား။

ဘာမှမသက်​ဆိုင်​မှန်းသိပါ​သော်​လည်း သျှိုင်းမျက်​ရည်​​တွေစီးကျလာရသည်​။ တစ်​စုံတစ်​​ယောက်​ခရီးသွား​နေချိန်​မှာ ငို​ကြွေး​နေဖို့က မသင့်​​တော်​ဘူးဆို​ပေမယ့်​လည်း မျက်​ရည်​​တွေက သုတ်​​ပစ်​​လေပိုမိုကာကျဆင်းလာ​လေပင်​။

ပိ​တောက်​ကကြိုး (Own Creation) CompletedHikayelerin yaşadığı yer. Şimdi keşfedin