အသိစိတ်လုံးဝမလွတ်ခင် ကားတံခါးဆွဲဖွင့်သံတွေ ရိုက်ခွဲသံတွေကြားရပေမယ့် Jongin လုံးဝ အသိမရှိတော့သလို လှုပ်ရှားလို့မရဖြစ်ကာ မှောင်မိုက်ခြင်းဆီ အလည်ရောက်ရှိသွားတော့သည်...

Oh sehun ခင်ဗျား ဘယ်မှာလဲ..!

--------- / ---------

Jongin သတိရလာတော့ မျက်နှာကျက်က ရင်းနှီးလွန်းနေသည့် မီးဆိုင်းကြီးကြောင့် သက်ပြင်းအသာချလိုက်သည်..

အိမ်ပြန်ရောက်နေပြီဘဲ...

" သား သတိရလာပြီလား..."

စိူးရိမ်စွာနဲ့စောင့်နေတဲ့ မေမေ့ကိုတွေ့တော့ ခေါင်းနည်းနည်းနောက်နေပေမယ့် ဘာမှတော့မပြောဖြစ်..

" ဘယ်လိုဖြစ်သွားတာလဲ မေမေ..!

ဟိုလူတွေရော...!"

မေမေက Jongin ကုတင်ဘေးက ရေကရားထဲက ရေကို ဖန်ခွက်ထဲပြောင်းထည့်ပြီး Jongin ကိုလှမ်းပေးသည် .

ပြီးမှ...

" သားကို ပြန်ပေးဆွဲဖို့ကြိူးစားတာ..

Sehun လွှတ်ထားတဲ့ သက်တော်စောင့်တွေ ဝင်ကယ်တာမြန်လို့ သားဘာမှမဖြစ်တာ..."

မေမေပြောတာတွေကို Jongin နားလည်သလိုလိုရှိပေမယ့်

နားမလည်ပါ...

Sehun ကိုငွေညှစ်ချင်လို့ Jongin ကိုပြန်ပေးဆွဲရအောင်လည်း မကြာခင်မှာဘဲ တရားဝင် ပြတ်ဆဲကြတော့မယ့် အခြေနေ..

" မေမေဘာတွေသိထားလို့လဲ... ကျနော် မသိတာတစ်ခုခု

မေမေတို့ကြားမှာရှိမယ်ထင်တယ်..."

Jongin စကားကြောင့် မေမေက ခပ်လေးလေးသက်ပြင်းတစ်ခုကို ချကာ ကုတင်စွန်းမှာဝင်ထိုင်တယ်...

" မြေကွက်...! Sehun လုဝယ်လိုက်တယ်ဆိုတဲ့ မြေကွက်ကြောင့်ဘဲ..! အဲ့ဒီမြေကွက်မှာ သားတို့ ဓာတ်ခွဲခန်းအသစ်ကို အကြောင်းပြပြီး တရားမဝင်တာတွေလုပ်လိမ့်မယ်.. အဲ့ဒီ မြေကွက်မှာက ထူးထူးခြားခြား ဓာတ်ငွေ့တစ်ခုရှိနေတာမို့ ဒီမြေကွက်ကို နိင်ငံခြားက မူးယစ်ဂိုဏ်းတစ်ခုက လိုချင်နေတာ..

အစိုးရက လွှတ်ထားပေးရတဲ့အထိ အင်အားကြီးတဲ့ ဂိုဏ်းတစ်ခုဘဲ ... သူတိူ့ကို ဝယ်ခွင့်မပေးသေးတာမို့ ဝယ်သွားတဲ့သူကို ရန်ပြုမှာ အသေအချာဘဲ.. ဒါကြောင့်မို့ သားနာမည်နဲ့ ဝယ်မယ့် မြေကွက်မိူ့လို့ Sehun ကတစ်ဘက်လှည့်နဲ့ အန္တရာယ်ကိူ သူ့ဘက်ကို ခေါ်လိုက်တဲ့ ပုံစံမျိူး သား.. မေမေလည်း sehun ပြောပြသလောက်ဘဲသိတယ်.."

မထင်မှတ်ထားတာတွေကြားနေရတာမို့ Jongin ဆွံ့အနေမိသည်...ဘာတွေမှန်းသေချာနားမလည်ပေမယ့် oh sehun လုပ်နေတာ ကိုယ့်အတွက်ဆိုတာ သိလာသည်..

ဘယ်လိုမျိူးအထိတောင်လိုအပ်နေကြလို့ Jongin ကို

ပြန်ပေးဆွဲဖို့အထိ ကြိူးပမ်းလိုက်တာလဲ...

Oh sehun က ဒါတွေ အကူန်ကြိူသိနေတာလား..

"ဒါဆိူ အခု Sehun ခရီးသွားတာကရော..!!!!"

Jongin ရင်ထဲ အရာရာမေ့သွားကာ Sehun အတွက်စိူးရိမ်စိတ်တွေဘဲ ဒီရေလိုတက်လာတာကြောင့် ရင်ခုန်သံတွေပါမြန်လာသည်...

" အဲ့ဂိုဏ်းဆီက ကမ်းလှမ်းချက်ကို အလဲလှယ်လူပ်ဖို့ သွားတာ သား..

သူ့ကိုယ်ပိူင်ဂျက်လေယာဉ်နဲ့ သူကိုယ်တိုင်မောင်းပြီး

သူတပည့် နဲ့ ၂ယောက်တည်းသွားတာ...

သားအလုပ်ကို သူမထောက်ပံ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား သားရယ်.. "

" သူအခု အန္တာရာယ်ကင်းလား..!!!!"

မေမေ့စကားကိူ ဆူံးအောင်နားမထောင်နိုင်ဘဲ Jongin ဖြတ်မေးတော့ မေမေက ခေါင်းခါပြရင်း..

" သားဖေဖေဘဲ သိမယ်.."ဆိုတာကြောင့် အိပ်ယာထဲကနေ အတင်းကုန်းရုန်းထကာ ဖေဖေရှိမယ်ထင်တဲ့ အခန်းကို ကူးသွားမိသည်....

ရင်တွေပါတစ်ဒူန်းဒူန်းခုန်ကာ sehunတစ်ခုခုဖြစ်သွားမှာ ကြောက်ရွံ့နေမိတာကြောင့် Jongin တစ်ကိူယ်လုံးထူပူနေသည်...

ဘာမှမဖြစ်မှာမဟုတ်ပါဘူးလို့ ယုံကြည်နေပေမယ့်

Living Room ရှေ့အရောက်မှာ TV ကထွက်ပေါ်လာတဲ့ breaking new ကြောင့် Jongin ခြေလှမ်းတွေ ရှေ့မဆက်နိုင်စွာနဲ့ ကြမ်းပြင်ပေါ် ညွှတ်ဆင်းသွားရသည်...

" SH Group မှ ဘီလျံနာ oh sehun ၏ ကိုယ်ပိုင်ဂျက်လေယာဉ် ပင်လယ်တွင်းရှိ ကျွန်းတစ်ကျွန်းပေါ် ပျက်ကျ ပေါက်ကွဲ..

အတူလိုက်ပါသွားသူကိုတော့ မီးလောင်သေဆူံးလျက်တွေ့ရှိရပြီး ပျောက်ဆုံးသူ oh sehun ကိုတော့ အာဏာပိုင်များက ရှာဖွေနေပါတယ်... ဖြစ်စဉ်အရ အသက်ရှင်ရန်ရာခိုင်နှုန်းနည်းပါးတာကြောင့်~~~"

Jongin ရင်ထဲ တောင်နံရံတွေပြိူကျသလို လစ်ဟာဆင်းသွားကာ နားထဲမှာ ဘာမှမကြားတော့ဘဲ

ခရီးမသွားခင်က စိတ်ပူစွာမှာသွားတဲ့ Sehun ပုံရိပ်တွေဘဲ မြင်လာကာ မျက်ရည်စက်တွေခုန်ဆင်းလာရသည်...

ဟင့်အင်း.. ဒီလိူကြီးတော့ လမ်းမခွဲဘူးနော် Sehun ..!

ခင်ဗျားကို ဒီလိူတော့ သွားခွင့်မပေးနိုင်ဘူး....

-------- / ---------


" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now