ဘယ်သူ့ဘဲချစ်ချစ်ပါ Sehun ကတော့

ကလေးလေးရော Jonginပါ ကျန်းကျန်းမာမာဖြစ်နေရင်

ကျေနပ်ပါဘီ....

Sehun ကျွေးနေတဲ့ ကြက်ဥခေါက်ဆွဲကို

ပလုတ်ပလောင်းနဲ့စားနေတဲ့ Jongin ကတော့

Sehun အတွက် အသည်းတစ်ခုလုံး နင့်မတတ်ချစ်ရတဲ့

ကောင်လေးသာပင်ဖြစ်၏......

----------------

" ကျနော် ဆေးတွေ မသောက်ပါဘူး....

Hun ကိုရှင်းပြဖိူ့ ကြိူးစားတာဘဲ..Hun ကနည်းနည်းလေးမှ

လက်မခံဘဲနဲ့....."

လက်ထဲက အမဲစက်လေးသာ မြင်ရသေးတဲ့ ultrasound ပူံလေးကို တယုတယကိုင်ထားရင်း Jongin က ခပ်ဆောင့်ဆောင့်ပြောတယ်.....

Sehun က ကျွန်းစားပွဲညိူကြီးပေါ်က သူတို့၂ယောက်ဓာတ်ပုံဘောင်ဘေးမှာ ultrasound ပုံသေးသေးလေးကို မှန်ဘောင်လေးထဲ ထည့်ကာတင်ထားလိုက်ရင်း....

" ဟင်...! Nini အိတ်ထဲက တွေ့တော့ ကိုယ်လည်းထူပူသွားတာကို.....!"

အနက်ရောင်ပြောင်လက်နေတဲ့ leather Sofa လက်ရန်းကို

အားနဲ့မှီထားတဲ့ Jongin ခပ်မတ်မတ်ထိုင်လိုက်ကာ....

"မဟုတ်ပါဘုူးဆိုနေ.... အဲ့တာ အခန်းကပ်ရပ်က honeymoon ထွက်လာတဲ့ ကောင်မလေးကို ဆရာဝန်တစ်ယောက်အနေနဲ့ ကူညီခဲ့တာ... Hun ကသာ ဘာမှသေချာမသိဘဲ ကျနော့်ကို စွပ်စွပ်စွဲစွဲ....!"

မျက်စောင်းထိူးကာ နှုတ်ခမ်းလေးဆူပြီး မကျေမနပ်ပြောနေတဲ့ Jongin ကို Sehun အသည်းယားစွာနဲ့ ဘေးနားမှာ

ကပ်ထိုင်ပြီး ပေါင်ပေါ်ပွေ့တင်လိုက်တယ်....

ဖက်ထားလို့ကောင်းလိုက်တဲ့ ဝက်ဝံလေး....

လည်ဂုတ်လေးကိုဖိနမ်းလိုက်တော့လည်း နှာခေါင်းထဲကို

တိုးဝင်သွားတဲ့ ကိုယ်နံံ့လေးကလည်း ချိူအီနေလိူက်တာ...

"တောင်းပန်ပါတယ်... ကိုယ်လည်း ကလေးအရမ်းလိုချင်ခဲ့တာဆိုတော့..Nini က အစကတည်းက မလိုချင်သေးတဲ့အပြင် တားဆီးနေတာတွေ့တော့ကိုယ့်ကိုလက်သင့်မခံလို့လားဆိုပြီး အရမ်းစိတ်မကောင်းဖြစ်ခဲ့တာ...."

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now