လေယာဉ်အကြာကြီး စီးခဲ့ရတာမိူ့ ပင်ပန်းနေတာကြောင့် Arjuma လက်ထဲကို အထုတ်ထည့်ပေးလိုက်ကာ

" အခန်းထဲကိုထည့်ထားပေးနော်

Sehun အထုတ်ထဲက လျှော်စရာရှိတာတွေထုတ်လျှော်ပေးပါ

ကျနော့်အထုတ်ကို ဒီအတိုင်းဘဲ ထားလိုက် ...ကျနော်

ခဏလောက် အနားယူဦးမယ် "

Jongin အပေါ်ထပ်ကိုတက်လာပြီး ပေါ့ပေါ့ပါးပါး အကျီလေးတစ်ထည်လဲကာ ကုတင်ပေါ်တက်မှေးလိုက်သည်....

Sehun အူံးနေကျခေါင်းအုံးလေးကို Jongin လက်ဝါးလေးနဲ့ ခပ်ဖွဖွ ပုတ်လိုက်ကာ

" ခဏ....ခဏလေးပါနော် Sehun

ကျနော်အဆင်သင့်မဖြစ်သေးလို့ပါ....."

Sehun ရဲ့ ခေါင်းအုံးလေးကို ငေးကြည့်ရင်း ပင်ပန်းလာခဲ့တဲ့ မျက်ဝန်းတွေက ထိကပ်ကာ အိပ်စက်ခြင်းဆီသိူ့ ပလည်ဆစ်ခေါက်ရောက်သွားမိလေသည်......

....!!!!!......!!!!!!!......!!!!!!........!!!!!!.....

"ဟျောင့်.....တူလေးလား တူမလေးလား "

Sehun ကိစ္စပြီးလို့ ရုံးခန်းထဲ ခဏထိုင်ရုံရှိသေး Luhan ရောက်လာကာ မေးပုံကိူကကြည့် .....ဒီလူပျိူကြီးတော့

"Hyung ရာ ..... အဲ့လောက်ဖြစ်နေရင် မိန်းမယူလိုက်ပါ့လား ""

Sehun စကားကြောင့် Luhan မျက်နှာကြီးရှုံူ့တွသွားကာ...

"နေပါ....ငါမင်းတို့ ခလေးဘဲ ထိန်းပါ့မယ်

Honeymoon babyဆိုတာ ကံကောင်းတယ်ကွ Sehun ရ....

ငါ ကလေးထိန်းဖိူ့ အဆင်သင့်ဘဲနော်...."

တက်ကြွနေတဲ့ လေသံနဲ့ ပြောနေတဲ့ Luhan ကို ကြည့်ကာ Sehun ခေါင်းခါလိုက်မိတော့....

"ဘာလဲ...... ဧကန္တ ....... Sehun !! မင်းလူပျိူဘဲ ရှိသေးတာလား "

Luhan စကားကြောင့် sehunက မတ်တပ်ထရပ်လိုက်ကာ...

"လူပျိူလုပ်ချင်ရင် honeymoon တောင် ထွက်မနေဘူး

ခလေးထိန်းချင်တာမလား အဆင်သင့်သာပြင်ထား

ကျနော်က တာဝန်ကျေခဲ့ပြီ ..... ဟုတ်ပြီလား"

Sehun က Luhan ကိုပြောချင်ရာတွေပြောခဲ့ပြီး ကားသော့ကို ကောက်ယူကာ အိမ်ကိုပြန်ခဲ့လေတော့သည် ....

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now