တစ်နေ့
အွန်ဝူးအိမ်ကိုရောက်ချလာသည်
ကျွန်တော်လဲ Online Classက ထမင်းစားချိန်အနားပေးသဖြင့် ဗိုက်ကလဲဆာလာ၍အောက်သို့တခုခုစားရန်ဆင်းလာချိန် မေမေနှင့်စကားပြောနေသောအွန်ဝူး
အဲ့တာနဲ့မေမေပြောတဲ့စကားကြောင့်အောက်ဆင်းမဲ့ခြေထောက်တွေရပ်တန့်သွားသည်

"ဂျောင်ကုကတကယ်မရှိဘူးလား"

"မရှိပါဘူးဆို"

"အဲ့တာဆိုဘယ်သွားလဲအန်တီ"

"မပြောသွားဘူး ဒီတိုင်းပဲသွားတာ"

"ဟုတ်ရဲ့လားအန်တီရယ်"

"အန်တီကသားကိုညာစရာဘာရှိလို့လဲ"

"အင်းပါ ကျွန်တော်လာသွားတယ်လို့ပြောပေးပါအုံး"

"အေအေ
အော် အန်တီတစ်ခုပြောအုံးမယ်"

"ဟုတ် ပြောလေအန်တီ"

"အန်တီ့သားကို ဖက်တာတွေ နမ်းတာတွေရှောင်ပေးစေချင်တယ်"

"ဗျာ?"

"ဂျောင်ကုလေးကမကြိုက်ဘူးလေ ဟုတ်တယ်မလား သားကိုသူပြောမှာပါ"

"ဟုတ်ကဲ့"

ဂျောင်ကုလဲ မေမေ့စကားကြောင့်အကျေနပ်ကြီးကျေနပ်နေလေသည်
ဒါပေမယ့် မေမေကကျွန်တာ်လဲဘာမှမပြောထားပဲဘာလို့ညာပေးတာပါလိမ့် ထားပါလေ နားအေးတာပေါ့
အိမ်ပေါ်ထပ်ကိုပြန်တက်သွားပီး အွန်ဝူးပြန်သွားတာသေချာမှဆင်းလာရန်လုပ်လိုက်သည်
အဲ့အချိန်ဂျောင်ကုမေမေပြောလိုက်သောစကားအား ဂျောင်ကုလေးကတော့မသိလိုက်

"သားငယ်က ဒီကဘွဲ့ယူပီး ကိုးရီးယားပြန်ရင် ထယ်ယောင်းလေးနဲ့လက်ထပ်မှာ အဲ့တာသားကိုဖိတ်တယ်နော် အဟင်း"

"ဟုတ် လာခဲ့ပါ့မယ် ပြန်လိုက်ပါအုံးမယ်"

"အင်းအင်း"

**ငါ့သားနဲ့ငါ့သားမက်ကြားလာရှုပ်ချင်နေသေး ကိုယ့်ဘေးကိုယ်မသိဘူး ငါ့ယောက်ျားကိုသာပြောလိုက်လို့ကတော့ သူတို့မိသားစုလမ်းဘေးရောက်ကုန်အုံးမယ် ဟွန့် ငါကစိတ်ကောင်းရှိလို့သာ**

ကင်မ်ထယ်ယောင်းလေးရှိစဥ်က

"အန်တီ"

"အော် သား ဘာကိစ္စရှိလို့လဲ"

HYUNG (Completed)Where stories live. Discover now