🐚🎈 MB - XZ 🎈🐚 U&Z

Start from the beginning
                                    

ရိ​ပေါ် ​အ​သေးဆုံးဝတ်​စုံတစ်​စုံကိုထုတ်​ပြီး
ကုတင်​ပစ်​​တင်ေ​ပးလိုက်​သည်​....

❆ အင်း အဲ့တာ မင်းရဲ့မျက်​ရည်​ပုလဲပဲ....❆

ကောင်​​လေးက ပုလဲလုံးနဲ့တွဲထားတဲ့ဆွဲကြိုး​လေးကို
မွေ့ယာ​ပေါ်ကို​သေ​သေချာချာချလိုက်​ပြီး သူ​ပေးတဲ့
ဝတ်​စုံ​လေးကိုယူလိုက်​သည်​...

❆ မှား..အစ်​ မှား​နေပြီထင်​ အစ်​...တယ်​ ❆

❆ မင်း​ရေသူဆိုတာငါသိတယ်​...အဲ့တာ​ကြောင့်
ဆက်​မလိမ်​ပါနဲ့ကိုကို ကျ​နော်​ကိုကို့ ကိုမှတ်​မိတာမို့ ❆

ကောင်​​လေးရဲ့ကျွတ်​ထိုးမှုက​နေ​ပေါ်လာတဲ့
ပူ​ဖောင်း​လေး​တွေက ရိ​ပေါ်အခန်းမျက်​နှာကျက်​မှာ
ပျံ့နှံ့လျက်​....

ကောင်​​လေးက အသက်​ပြင်းပြင်းရှူ​လေသည်​....

ထို့​နောက်​ ခပ်​ပြင်းပြင်းရှိုက်​ထုတ်​လိုက်​၏....

❆ ငါ​ပြောချင်​တာအဲ့တာမဟုတ်​ဘူး ငါကုန်း​ပေါ်ကို
တစ်​ခါမှမတင်​လာဖူးဘူး...ဒါပထမဆုံးပဲ...❆

ပြော​နေရင်းနဲ့ ဂါဝန်​ကို ချွတ်​ချလိုက်​တဲ့အခါ
ဘာအတွင်းဝတ်​မှ ဝတ်​မထားတာမို့ ​ကောင်​​လေးရဲ့
ခန္ဓာကိုယ်​ဟာ ​ပြောင်​ရှင်း​လေးဖြစ်​သွားသည်​....

ရိ​ပေါ်ဆွံ့အသွားရသည်​....

သူ့​ရှေ့မှာ မိ​မွေးတိုင်းဖ​မွေးတိုင်းအတိုင်း
ရပ်​​နေတဲ့​ကိုကိုဟာ....
သူ့ကိုတမင်​တကာများမြှူဆွယ်​​နေ​လေရဲ့လား....

❆ ❆ ❆ ❆ ❆ ❆ ❆ ❆  ♡ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

ရှောင်​ကျန့်​ ဖို့ယို့ဖားယားကြီးဖြစ်​​နေတဲ့
ဝတ်​စုံကြီးကိုချွတ်​လိုက်​ပြီး ​ကောင်​​လေး​ပေးတဲ့
ဝတ်​စုံကိုဝတ်​ဖို့လုပ်​လိုက်​သည်​....

သို့​သော်​ ဘယ်​လိုဝတ်​ရမှန်းသူမသိ...

ခုနက သူဝတ်​ထားတဲ့ဟာကကျ ဒီတိုင်း
ကောက်​စွတ်​ရုံပဲမလား....

❆ ငါမဝတ်​တတ်​လို့ ဝတ်​​ပေးပါလား....❆

ရှောင်​ကျန့်​​ကောင်​​လေးဘက်​ကို
လှည့်​​ပြောလိုက်​​တော့ သူ့ကို ပါးစပ်​​အ​ဟောင်းသားနဲ့
ငေး​နေတဲ့​ကောင်​​လေးကို​တွေ့လိုက်​ရသည်

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now