Chapter 07 ( Zawgyi )

Start from the beginning
                                    

.....

ဒီ​နေ့အတွက်​ ​အထက်​တန်းဒုတိယနှစ်​ အခန်းတိုင်းရဲ့
သတင်းထူးက ​ကျောင်းရဲ့ အဆင့်​၁ ၀မ်​ရိ​ပေါ် စာ​မေးပွဲ
ကျတယ်​ဆိုတာဘဲ။ 

ဒီ​ကျောင်း​ရောက်​လာတာ တစ်​လ​ကျော်​ကြာ​နေပြီဖြစ်​တဲ့
ရှောင်​ကျန့်​က နားထင်​ကို လက်​နဲ့ကုတ်​တယ်​။

ရိ​ပေါ်က သူ့ဘာသာကို သုညနဲ့ ကျတယ်​တဲ့။
မယုံနိုင်​စရာ​ကောင်းလွန်းလို့ ပြီးခဲ့တဲ့လက ရိ​ပေါ်ရဲ့
Report Card ကို ရှာကြည့်​မိ​တော့
သင်္ချာဘာသာရပ်​​နေရာမှာ ၉၈ ဆိုတဲ့ ဂဏန်း​တွေက
အထင်းသား။

သတင်း​ကြောင့်​ထင်​တယ်​။ ရိ​ပေါ် အတန်းထဲထိုင်​​နေရင်
လှည့်​ကြည့်​​နေတတ်​ကြပြီး အတန်းအပြင်​ထွက်​ရင်
လမ်းတ​လျှောက်​က ​ကျောင်းသား​တွေက လိုက်​ကြည့်​ကြတယ်​။

" ရိ​ပေါ်...."

ကန်​တင်းမှာ ထမင်းမစားချင်​လို့် ဂတ်​စ်​ပါဝင်​မှုများတဲ့
ခပ်​စူးစူးအ​အေးဘူးတစ်​ခုကို ​သောက်​​နေတုန်း ​ဘေးမှာ
ဝင်​ထိုင်​လာတဲ့ ​ရှောင်​ကျန့်​။

" ​ကော..."

အရမ်းနီးကပ်​လွန်း​နေတယ်​ထင်​တယ်​။ ​ကောဆီက ရ​နေကျ
လာဗင်​ဒါ​ရေ​မွှေးနံ့သင်းသင်း​လေးက ပုံမှန်​ထက်​ပိုပြီး
မွှေးပျံ့ ​နေတယ်​။

မျက်​နှာချင်းဆိုင်​ခုံမှာ ၀င်​ထိုင်​ရင်​ ရရက်​နဲ့.....။
ဒီလူက အန္တရာယ်​မသိတတ်​လိုက်​တာ။

" ​ပြော...ဘာလို့ ​ကော ဘာသာကို ကျ​အောင်​​ဖြေတာလဲ..."

ကျောင်းရဲ့ထုံးစံအရ ဆရာ​တွေက ကိုယ့်​အခန်းက ​ကျောင်းသား​တွေရဲ့ အ​ဖြေလွှာ​တွေကို အခြားအခန်းက ​ကျောင်းသား​တွေရဲ့ အ​ဖြေလွှာ​တွေနဲ့ လဲလှယ်​စစ်​​ဆေးရတာမို့
အဆင့်​နံပါတ်​​တွေ ထွက်​မှ ရိ​ပေါ် စာ​မေးပွဲ ကျမှန်း
ရှောင်​ကျန့်​ သိရတယ်​။

" ...... "

" ၀မ်​ရိ​ပေါ် "

အသံခပ်​မာမာနဲ့ ​​ခေါ်လိုက်​​တော့မှ ငိုက်​စိုက်​ချထားတဲ့
မျက်​လွှာ​တွေကို လှန်​တင်​ကြည့်​လာတယ်​။

Douleurs Rouges  [ Completed ]Where stories live. Discover now