Chapter 05 ( Unicode )

Start from the beginning
                                    

" ရိပေါ်..."

အနောက်ကလှမ်းခေါ်သံက ရင်းနှီးနေတာမို့ နှုတ်ခမ်းတွေက အလိုလိုပြုံးတယ်။

ခက်တယ် ခင်ဗျားရယ်
ဒီကောင်က ခင်ဗျားနဲ့ဆို
ကိုယ့်ကိုယ်ကိုတောင် သတိမထားတော့တဲ့အထိပဲ။

လှည့်ကြည့်မိတော့ သူရှိတဲ့ဆီ ပြေးလာတဲ့ အဲ့ဒီလူရဲ့
စိုးရိမ်နေတဲ့ မျက်ဝန်းတွေကို သဘောကျလိုက်တာ။

" ရိပေါ် ဘယ်လိုဖြစ်လာတာလဲ "

" တစ်ကိုယ်လုံးလဲ စိုရွှဲနေတာပဲ "

" သန့်ရှင်းရေးလုပ်ရင်း မတော်တဆရေပုံးမှောက်သွားတာ"

" ဖြစ်ကမယ် "

သက်ပြင်းချရင်း ပြောလာတဲ့နောက်မှာ ရှောင်ကျန့်က
လက်မှာချိတ်ထားတဲ့ ကုတ်အင်္ကျီကို ရိပေါ်ကို ခြုံပေးတယ်။

" ဆရာ အိမ်လိုက်ပို့ပေးမယ် "

" ရတယ် ဆရာ ကျွန်တော့ ဘာသာ ကျွန်တော်
ပြန်လိုက်မယ် "

" ဒီလောက်စိုနေတာကို အပြင်မှာ လေတွေကအေးတယ်
ဖျားနေအုန်းမယ်...."

ဘာအဖွဲ့အနွှဲ့မှမပါတဲ့ အဲ့ဒီစကားက ဘာလို့ ဘယ်ဘက်
ရင်ဘတ်တဝိုက်ကို နွေးသွားစေတာလဲ....။

ခင်ဗျားက သိပ်အန္တရာယ်များလိုက်တာ။

Heater ဖွင့်ထားတဲ့ ကားထဲမှာ အသက်ရှူသံနှစ်ခု
ုကလွဲရင် အရာအားလုံးတိတ်ဆိတ်နေတယ်။

ရိပေါ်ပြောခဲ့တဲ့ အိမ်လိပ်စာနေရာအတိုင်းရောက်တော့
အိမ်အခြေအနေကို ကြည့်တယ်။ အသိုင်းအဝိုင်းကြီးတွေသာနေနိုင်တဲ့ ဒီရပ်ကွက်ထဲမှာ နေတယ်ဆိုတည်းက
ဒီကောင်လေး အခြေအနေသိသာနေပြီပဲ။

" ရိ..."

ဘေးမှာထိုင်နေတဲ့ ရိပေါ်ဖက်ကို လှည့်ခေါ်မိတော့
တံခါးဖက်ကို ခေါင်းမှီပြီး အိပ်ပျော်နေတာကို တွေ့တော့
ဆက်မခေါ်ဖြစ်တော့။

မျက်လွှာတွေချပြီး ဝင်သက်ထွက်သက်ပုံမှန်လေးနဲ့ အိပ်မောကျနေတဲ့ ကောင်လေးက ညဘက်တွေ ကောင်းကောင်းမအိပ်တဲ့ ပုံ။ မျက်ဝန်းအောက်နားလေးတွေက ခပ်ညိုညို
လေးတွေသန်းလို့။

နဖူးပေါ်က အနည်းငယ်စိုနေသေးတဲ့ ဆံပင်တွေကို သပ်တင်ပေးမိတော့ လှုပ်လာတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်
ခန္ဓာကိုယ်ကို ပြန်ခွာလိုက်ရင်း

" နိုးပြီလား....ရောက်နေပြီ "

" ဟုတ်လား ကျွန်တော် အိပ်ပျော်သွားတယ် တောင်းပန်ပါတယ် "

" အင်း....မင်းအိမ်ပြန်နောက်ကျတာ မင်းမိဘတွေကို
လိုက်ပြောပေးရမလား..."

ဆရာက သူ့အကြောင်းတွေ မသိဘူးပဲ။

" ကျွန်တော့ မိဘတွေ မရှိတော့ဘူး "

" ဟင်....ရိပေါ် ဆရာမသိလို့ပြောမိတာ တောင်းပန်တယ်နော် "

" ရပါတယ် "

နှစ်ယောက်ကြားလေထုက ခဏတာတိတ်ဆိတ်သွားပြီးနောက် ရိပေါ်ဆီက စကားသံထွက်လာတယ်။

" ကော..."

" ဟင် "

မျက်လုံးအဝိုင်းသားနဲ့ ကြောင်တောင်တောင်လေးဖြစ်သွားတဲ့
ရှောင်ကျန့်က တစ်ခါမှ ကျောင်းသားဆီက ကော လို့
အခေါ်မခံရဖူးမှန်းသိသာတယ်။

" ကျွန်တော် ဆရာ့ကို ကော လို့ ခေါ်လို့ရလား "

ရှောင်ကျန့်က သွားဖြူဖြူလေးတွေပေါ်တဲ့အထိရယ်ပြရင်း
ဖြေတယ်။

" ရတာပေါ့...."

" အင်း အာ့ဆို ကျွန်တော် သွားတော့မယ် ကော"

" အင်း "

တံခါးဖွင့်ဆင်းသွားပြီး ခြံတံခါးဖွင့် ဝင်သွားတဲ့ အဖြူရောင်
ကျောပြင်သေးသေးလေးကို မြင်ကွင်းတဆုံးကြည့်ပြီးမှ
ရှောင်ကျန့်ကားမောင်းထွက်သွားတယ်။ သေချာပေါက်
နှုတ်ခမ်းပါးတွေက ပြုံးနေရင်းပေါ့။

.............................

အေးစက်စက်ကမ္ဘာတစ်ခုမှာ အနီရောင်ခေါက်ရမ်းပန်းတွေ
ပွင့်တယ်။
တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးက အနီရောင်ရှိတယ်။
ခင်ဗျားကတော့ အဲ့ဒီအနီရောင်တွေကြားထဲက အဖြူရောင်
နွေးထွေးခြင်းလေး။

.............................

Douleurs Rouges  [ Completed ]Where stories live. Discover now