မငြိမ်မသက်ပြေးလွှားနေတဲ့ မျက်စံနက်နက်ကလေးက
ကောင်မလေးရဲ့ မျက်လုံးဝိုင်းဝိုင်းတွေထဲမှာ နေရာယူလို့။
ပိတ်ခံထားရတဲ့ ပါးစပ်ကနေ ဝူးတူးဝါးတား အော်လို့။သူကတော့ သေတ္တာဗူးသေးလေးထဲက အကန့်လိုက်ထည့်ထားတဲ့ ဓားချောင်းချွန်ချွန်လေးတွေကို ရွေးနေတယ်။
" ဘယ်အရွယ်က မင်းနဲ့ သင့်တော်မလဲ..."
" ဒါလေးလို့ ငါထင်တယ်..."
အနည်းငယ်ပိုရှည်တဲ့ ဓားချွန်လေးကို သူက ကိုင်ရင်း
ပြောတယ်။အဲ့ဒီ ဓားက ထက်လား မထက်လား စမ်းကြည့်ဖို့လိုတယ်မလား။
သူက သူ့ရဲ့ လက်ဖဝါးဖြူဖြူပေါ် ကန့်လန့်ဖြတ်အနေအထားနဲ့ ဖြတ်ကြည့်တော့ သွေးတွေက စီးကျတယ်။
နာကျင်မှုကို မခံစားရသလို သူ့ပုံစံက အေးတိအေးစက်။
" အင်း....ထက်သားပဲ..."
ခုတင်ပေါ်က ကောင်မလေးက အတင်းရုန်းနေတယ်။
အကြောင်းပြချက်ကတော့ သူမ မျက်လုံးတွေဆီ နီးကပ်
လာတဲ့ ဓားချွန်တစ်ခုကြောင့်။ကောင်မလေးရဲ့ ဝူးတူးဝါးတားအော်သံက ပိုကျယ်လာတယ်။ ဓားချွန်က မျက်လုံးတွေဆီ ပိုနီးလာတယ်။
"ဘာလို့ မင်း မျက်လုံးတွေက သိပ် မုန်းဖို့ ကောင်းရတာလဲ....."
ဇွက်ခနဲ ထိုးဝင်သွားတဲ့နောက် သွေးတွေက ဒလဟော
ကျလာတယ်။ ဝူးတူးဝါးတားအော်သံက ကျယ်ကျယ်လာတယ်.....။" ကြောက်တတ်လိုက်တာ...."
" ကဲ နောက်တစ်ဖက်...."
စိုက်ဝင်နေတဲ့ ဓားချွန်ကို ဆွဲနှုတ်တော့ သူသိပ်မုန်းတဲ့
မျက်လုံးက သွေးရဲရဲတွေနဲ့အတူ ကပ်ပါလာတယ်။အနည်းငယ်ကြာတော့ ခုတင်ပေါ်က ကောင်မလေးရဲ့
မျက်လုံးတွေနေရာမှာ သွေးရဲရဲချိုင့်ခွက်တွေက နေရာယူကုန်တယ်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က အော်နေခဲ့တဲ့
ကောင်မလေးက တိတ်ဆိတ်လို့.....။
အသက်ရှူသံလေးကလဲ မဲ့လို့။သူကတော့ လိုက်လိုက်လှဲလှဲရယ်နေတော့တာပဲ...။
.....
ဇွန်းသံ ခွက်သံတွေ စကားပြောသံ ရယ်မောသံတွေနဲ့
ကျောင်းကန်တင်းက ဆူညံနေတယ်။ ရိပေါ်ကတော့
လူရှင်းတဲ့ ထောင့်တစ်နေရာမှာ ထိုင်နေတယ်။" ရိပေါ်.....တစ်ယောက်တည်းလား "
ရိပေါ် ယုံကြည်သက်ဝင်ခြင်းမရှိတဲ့ ဘုရားသခင်က သူ့ကို
ကောင်းချီးပေးတယ်ထင်တယ်။ မနေ့က အထိုးခံရတဲ့သူ့ကို
ဆေးထည့်ပေးရင်း သူ့နာမည်သိသွားတဲ့
ရှောင်ကျန့်ဆိုတဲ့ အဲ့ဒီလူက အပြုံးတွေနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာတယ်။တစ်ယောက်တည်းထိုင်နေတာ မြင်ရဲ့သားနဲ့
တစ်ယောက်တည်းလားလို့ မေးနေတဲ့ အဲ့ဒီလူအပြုံးတွေက
ဘာလို့ အရမ်းလှရတာလဲ....။သူကကော...ဘာလို့ အဲ့အပြုံးတွေနားက မှဲ့နက်လေး
ဖြစ်ချင်တယ်လို့ တွေးမိရတာလဲ....။တကယ်ပါ။
ခင်ဗျားနဲ့တွေ့တိုင်း စိတ်က သာမန်ကို မဟုတ်တာ။" ဟုတ်ကဲ့ "
" သူငယ်ချင်းတွေကော "
" မရှိဘူး...."
အဲ့ဒီလူရဲ့ သက်ပြင်းချသံကအစ စွဲလမ်းစရာများကောင်းလွန်းနေသလား။
" ဆရာနဲ့ တူတူစားမယ်နော်....ရိပေါ်..."
" ဟုတ်ကဲ့ "
" ဒဏ်ရာကော သက်သာရဲ့လား "
သူ့ရဲ့ နှုတ်ခမ်းထောင့်နားက ဒဏ်ရာကို ကြည့်ပြီးမေးတော့ ရိပေါ် နေရခက်သလိုပဲ။
" ဟုတ်ကဲ့....သက်သာပါတယ် "
" အင်း....အင်း..."
" ရော့....အသားများများစား လူက သေးသေးလေး...."
ပြောရင်းနဲ့ အရှေ့က ပန်းကန်ထဲရောက်လာတဲ့ အသားတုံးတွေ။
" ရပါတယ်....ဆရာပဲ စားပါ "
ရိပေါ်ကတော့ တစ်ခုခုကို ဘဝင်မကျဘူး ဟုတ်တယ်။
သူ အဲ့ဒီလူကို ဆရာ လို့ မခေါ်ချင်ဘူး။" လက်ကကော ဘာဖြစ်ထားတာလဲ "
ရှောင်ကျန့်က မေးတော့ ရိပေါ်က သူ့လက်ဝါးသူ ပြန်ကြည့်မိရင်း ဖြေတယ်။
မနက်ကမှ ပလာစတာကပ်လာပေမယ့် သူ ဒဏ်ရာရှိမှန်း
မေ့နေခဲ့တာ။" ဓားရှထားတာ "
" ဂရုစိုက် "
တကယ်နေရခက်တယ်။
ဘယ်တုန်းကမှ မရရှိခဲ့တဲ့ ဂရုစိုက်မှုတွေကြောင့်ထင်တာပဲ....။.............................
အဝါရောင်တွေက ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတယ်တဲ့
တကယ်တော့ အနီရောင်တွေ ဖန်ဆင်းရတာက
ပိုပျော်ဖို့ကောင်းတာ....။.............................
Chapter 04 ( Unicode )
Start from the beginning