Topic-A [4]

1.6K 244 21
                                    

[Zawgyi]

My Note: မေ့နေလောက်မှာ သေချာသလောက်မို့
အရင်ဆုံး ရှေ့အပိုင်းလေးတွေကို ပြန်ဖတ်ပေးကြပြီး
recallခေါ်ပေးကြပါဦး…။

--- Topic A ---

တကယ့်လက်တွေ့ဘဝက မျှော်လင့်ချက်ဆုတောင်းတို့
လွယ်လင့်တကူဖြစ်တည်တတ်ခြင်းမရှိဆိုတာ Chanyeol လက်သင့်ခံရမလိုဖြစ်လာသည်။
ဆက်သွယ်ခြင်း ပြတ်လပ်နေသော ဖုန်းတစ်လုံး၏အဖြစ်က တစ်ခါတစ်ရံ သူနှင့်အလား
သဏ္ဌာန်တူစွာပင် တိတ်ဆိတ်နေတတ်၏…။

~ ငါ့ဘက်က အရင်ဆက်သွယ်သင့်လား ~ ဟူသော
မေးခွန်းတစ်ခုသည် တွေးမိပြီး သိပ်မကြာခင်
စက္ကန့်ပိုင်းအတွင်းတွင်ပင် စုန်းစုန်းမြုပ်ပျောက်ကွယ်
သွားရသည်။

Baekhyun၏မှတ်ဥာဏ်သည် ယခုမှပြန်လည်အဆင်ပြေလာသော အခြေအနေသာ
ဖြစ်နေမည်ဆိုပါလျှင် သူ သွားရောက်ခြင်းက အလကား
သက်သက် နှောင့်ယှက်ခြင်းတစ်ခုသာဖြစ်ပေတော့မည်။
Baekhyunဘဝကို ထိုကဲ့သို့သောနည်းဖြင့်တော့
သူ…မခက်ခဲစေချင်ပါ…။

ယခုအချိန်အထိ အဆက်အသွယ်မလုပ်လာပုံထောက်…
သေချာပါသည်… Baekhyunသည် သူ့အား
ဓာတ်ပုံရိုက်ရန် ကမ်းလှမ်းခဲ့သော အနေအထားတစ်ခု
အထိသာ မှတ်မိနေတော့သည်ဆိုတာ… … …။

--- Topic A ---

နွေလ၏ နေ့လည်ခင်းတစ်ခုက ဇာတိပြစွာ အနည်းငယ်
ပူအိုက်စပ်နေသည်။ကပြင်ထက်တွင် ထိုင်နေရင်း
ပူရကောင်းမှန်းမသိစွာ Chanyeol ငြိမ်ဆိတ်နေ၏။

ခြံတံတိုင်းပေါ်မှ အနီရောင်ပုံးလေးကို တစိုက်မတ်မတ်
ကြည့်နေမိသည်။ မှတ်မိသလောက် အငယ်ကောင် ယူလာပြီး အိမ်တွင် ထားသွားသောပုံးလေးဖြစ်သည်…။
သူ့ကိုတောင် Baekhyun ထိုပုံးလေးဖြင့် လှမ်းပေါက်ဖူး၏။ ဂိမ်းဆော့ရန်သာ အာရုံရောက်နေပြီး
ကြိုးတန်းတွင်လှမ်းထားသော Baekhyun ခြေအိတ်အား ပြန်ရုတ်ရန် မေ့နေမိသည့်အတွက်…
ခြေအိတ်တစ်စုံ မိုးစွတ်စွတ်စိုခဲ့ဖူးသည်။ ကံဆိုးစွာ
ဖောက်လွဲဖောက်ပြန်ဖြစ်သွားသော ရာသီဥတုကို
Baekhyun စိတ်မတိုနိုင်တော့… စိတ်တို၍ရသည့်
သူ့ကိုသာ ထိုပုံးအနီရောင်လေးဖြင့် ကောက်ပေါက်ခဲ့
ခြင်းဖြစ်သည်။မှတ်မှတ်ရရ… Baekhyun ခြေအိတ်က အနက်ရောင်လေး… ခြေမျက်စိနေရာတွင်
အနီရောင်နှင့်အစိမ်းရောင် လိုင်းနှစ်စင်းလေး ပတ်ထားသော ဒီဇိုင်းနှင့်… … …။

You've reached the end of published parts.

⏰ Last updated: Apr 18, 2020 ⏰

Add this story to your Library to get notified about new parts!

[ • T O P I C - A • ]                                    CompletedWhere stories live. Discover now