"ငါ… အသက်ရှိသေးတယ်…. သိပ်မခေါ်နဲ့…."
"ရိန်း… ဖူအစ်ကိုကြီးကို အထဲသယ်သွားပါစေဦး…. အစ်ကိုကြီးသက်သာမှ မင်းသိချင်တာမေးပေါ့…"
"ဟုတ်… အစ်ကိုငါး…"
ဖူအစ်ကိုကြီးကို သင့်တော်ရာနေရာတွင် ထားထားကြပြီး ခံတပ်ထဲရှိနေနှင့်သော သူများဆီက ဆေးအချို့တောင်းရသဖြင့် ဒဏ်ရာသွေးတိတ်သွားရန် ကြိုးစားနေကြသည်။ မို့ရန်က ဖူအစ်ကိုကြီး၏အနားက တစ်ဖဝါးမှမခွာဘဲ ဒဏ်ရာကို ကူညီဆေးကြောပေးသည်။ သူမ၏နှလုံးခုန်သံတို့ ကဆုန်ဆိုင်းသွားလိုက် နှေးသွားလိုက်ဖြင့် တစ်စုံတစ်ခုကို လစ်ဟာသွားသလို ခံစားနေရသည်။ နောက်တစ်နေ့ည ရောက်တော့မှ ဖူအစ်ကိုကြီးက သတိပြန်လည်လာသည်။
"ဖူအစ်ကိုကြီး… သက်သာရဲ့လား… ရေနည်းနည်းသောက်လိုက်ပါဦး…."
မို့ရန် သူမဘေးနားတွင်ရှိသော ရေအနည်းငယ်ကို ခွက်ဖြင့်ခပ်ပြီး ဖူအစ်ကိုကြီးနှုတ်ခမ်းနား တေ့ပေးလိုက်သည်။ ဖူအစ်ကိုကြီးက ရေကိုအနည်းငယ်သာ သောက်ပြီး ကောင်းကင်ကိုသာ မမှိတ်မသုန်စိုက်ကြည့်လေသည်။
"ဖူအစ်ကိုကြီး…."
"ရိန်း… ဟိုးနားက ကြယ်ကို မင်းတွေ့ရလား…"
လက်ညှိုးညွှန်ပြသည့် ကောင်းကင်ထက်တွင် ကြယ်အစုတစ်စု၏ မနီးမဝေးနား တောက်ပနေသော ကြယ်တစ်လုံးကို မို့ရန်တွေ့ရသည်။ ခေါင်းကိုသွက်သွက်ကလေး ညိမ့်ပြသည်။
"အဲ့ဒီကြယ်ကို ငါတို့ သုံးကလေးလို့ နာမည်ပေးကြရအောင်…."
"အင်း…. ကျနော်တို့ အဲဒီကြယ်ကို သုံးကလေးလို့ ခေါ်ကြမယ်လေ…. အစ်ကိုကြီးဖူ…."
သူမ၏ ပြန်ဖြေသံတို့ တဖြည်းဖြည်း တိုးတိမ်လာသည်။ ခေါင်းငိုက်စိုက်ကာဖြင့် ဖူအစ်ကိုကြီးနားက ထွက်သွားပြီး ညစာအတွက် ဆန်ပြုတ်အိုးတည်နေကြသည့်နား သွားထိုင်နေလိုက်ပြီး မီးကို ထိုးဆွနေမိသည်။
"ရိန်း…"
"အစ်ကိုငါး…."
အစ်ကိုငါးကို ဖက်တွယ်ပြီး သူမအသံမထွက်အောင် ငိုလေသည်။
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)
အပိုင်း (၆၃)
Start from the beginning