2|Pretty Prince

2.8K 286 20
                                    


[𝙏𝙝𝙚𝙮'𝙧𝙚 𝙖𝙡𝙡 𝙟𝙪𝙨𝙩 𝙢𝙮 𝙞𝙢𝙖𝙜𝙞𝙣𝙖𝙩𝙞𝙤𝙣𝙨 ]
_

____ < u n i c o d e >

ထယ်ယောင်း ညနေက ဂျုံးဂု ပြောသလိုတော့ မခေါ်ချင် ရှက်တာဆို မှန်လိမ့်မည်
မနေ့ တစ်နေ့ လောက်ကမှ တွေ့တဲ့ သူကို ဒယ်ဒီ လို့ ခေါ်ရမှာ သူ့အတွက် အဆင်မပြေလှ ။
သူ့ကိုလည်း ဘေဘီ ကလေးလေး တဲ့ ။

ဒီ မင်းသားနဲ့တော့ ခက်တော့တာဘဲလေ

" ထယ်လေး အိပ်တော့နော် ၊ မနက်ကျရင် သွားရတော့မှာလေ "

" ဟုတ်ကဲ့
ကောင်းသောညချမ်း ဖြစ်ပါစေ မယ်မယ် "

ထယ်ယောင်း မယ်မယ်နဲ့ စကားပြောပြီး မိမိ အခန်းကို ပြန်လာခဲ့သည့် လမ်းတစ်ဝက်တွင် လက်ကို လှမ်းဆွဲခြင်း ခံလိုက်ရ၏ ။

" အိပ်တော့မှာလား ကလေးလေး "

" အင်း "

" ကောင်းပါပြီ အိပ်မက်လှလှမက်ပါစေ နော် "

ဂျုံးဂုက ပြောရင်း ထယ်ယောင်း နဖူးလေးအား ဖွဖွလေး နမ်းကာ ထွက်လာခဲ့၏ ။

ထယ်ယောင်းကတော့ ထို နေရာမှ တစ်ချက်မျှပင် မရွေ့သေး
တွေ့တာမှ မကြာသေးဘူး
အသားက ယူသွားပြန်ပြီ
ဒါတောင် သူ့ဘက် ၊ ဟို အနောက်ပိုင်းမှာ ဆိုရင် ပိုဆိုး မလား မသိ ။

တစ်ဖက်တွင်လည်း ပြုံးပျော်နေသော မင်းသားလေး တစ်ပါး ရှိ၏ ။

•••••

ဒီနေ့က သူ့ ကလေးလေး သူ့ဆီကို လိုက်လာမယ့်နေ့ ၊ တစ်ကယ်တော့ သူငယ်ချင်းတစ်ယောက် ကို ခေါ်လို့ရတယ် လို့ မပြောမိခဲ့ချင် ။ သို့ပေမယ့်လည်း သူ့ ကလေးလေး ပျင်းနေမယ် စိုးလို့သာ ။

သူ၏ မယ်မယ် အား ငိုကာ နှုတ်ဆက်နေသော သူ့ ကလေးလေး ကြောင့် စိတ်မကောင်းဖြစ်မိသည်
သူလည်း ဘယ်ခွဲချင်ပါ့မလား
သွားရမှာကလည်း မလှမ်းမကန်းဆို တော်သေး
ခုဟာက အနောက်တိုင်း ။

" ထယ်လေး ပျော်ပျော်နေနော် "

" *sob*ဟုတ်ကဲ့ *sob* မယ်မယ်လည်း ကျန်းမာရေး ဂရုစိုက်ပါ "

[KOOKV] short storiesWhere stories live. Discover now