Ep-7

13.1K 1.4K 31
                                    

Unicode

"ဝေ့ဝူရှန့်! ဝေ့ဝူရှန့် မင်းဘယ်မှာလဲ"

ကျန်းချန် အိပ်ပြန်ရောက်သည်နှင့်အရင်ဆုံး အော်ခေါ်တယ်။ မြီု့တော်က ပြန်လာတော့ ဝေ့ရင်း
ကြိုက်တဲ့ မုန့်တွေဝယ်လာတာလေ တွေ့များတွေ့ရင်ဘယ်လောက်တောင် ပျော်လိုက်မလဲ

တစ်အိမ်လုံးနှံ့နေပြီ အခုထိ ဝေ့ရင်းရဲ့အရိပ်အယောင်တွေ မတွေ့ရ

ဘယ်တွေများ လျှောက်သွားနေတာပါလိမ့်

အလုပ်တန်းလျားထဲ သူရောက်သွားတော့
အလုပ်သမားထဲမှာ ခြံရှင်းတဲ့ အသက်ကြီးကြီး
ဦးလေးကြီးကို မေးရတော့တယ်

တစ်ခုခုကြောင့် ​ဖြေရခက်နေဟန် လက်လေး
နှစ်ဖက်ကို ဆုပ်လို့

"ပြောပါ.....ဝေ့ဝူရှန့်ဘယ်မှာရှိတာလဲ"

"ဟို......အမှန်တော့.....သခင်မလေး အပြစ်ပေးထားတာ"

"ထပ်ပြီးတော့လား!!"

ဟိုနေ့ကမှ ရိုက်တယ်ဆိုတဲ့အသံသူ ကြားလိုက်သေးတယ်၊ အခုထပ်ပြီးတော့ အစာငတ်ခံပြီးပိတ်ထားပြန်ပြီတဲ့လား

ကျန်းချန် ဂိုလှောင်ရုံတံခါးကို ဖွင့်ခိုင်းလိုက်ပြီး
သူ အလျင်အမြန် ပင် ဝင်လို့သွားလိုက်တယ်

"ဝေ့ဝူရှန့်!"

ထောင့်တစ်နေရာမှာ ခွေခွေလေးလှဲနေတဲ့ ကောင်လေးကို သူဆွဲပွေ့ကာ လှုပ်နိုးသော်လည်းမရ ကိုယ်ကအေးစက်နေ၍.... အားလုံးဝမရှိတော့သည့်ဟန်

ဝေ့ရင်း ကိုယ်ကို သူပွေ့ချီလိုက်ကာ အထဲမှအမြန်
ပြန်ထွက်လာရင်း

"သမားတော် မြန်မြန်ခေါ်ခဲ့!!"

"ဟုတ်ကဲ့ပါ သခင်လေး"
.
.
.
..............

ခေါင်းမူးနောက်ပြီး လူက အားလုံးဝမရှိသလို
ခံစားရတယ်။ ဝေ့ရင်း မျက်လုံးကို ဖြေးညှင်းစွာ
ဖွင့်ရင်း ကိုယ်ကို အားပြုကာ ထလိုက်၏။
ဘယ်တုန်းက အခန်းထဲ ပြန်ရောက်နေတာပါလိမ့်။

ဘေးကိုကြည့်မိမှ အိပ်ပျော်နေတဲ့ ကျန်းချန် ကို
တွေ့လိုက်ရတော့တယ် ။တစ်ညလုံး ဒီလိုမျိုးစောင့်ပေးနေခဲ့သည်ထင်

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Tahanan ng mga kuwento. Tumuklas ngayon