Chapter 01 ( Zawgyi )

Start from the beginning
                                    

ခပ်​ဟိုက်​ဟိုက်​ရယ်ပြီး သူ​ပြော​လိုက်​​တော့ ဂနာမငြိမ်​ဖြစ်​သွားတဲ့ မျက်​အိမ်​​တွေက သိပ်​​အော်​ဂလီဆန်​တာပဲ။

" မပူပါနဲ့....မင်းတို့ကို အရမ်းနာ​အောင်​ မလုပ်​ပါဘူး....."

သွေးရူး​သွေးတန်း​အော်​ဟစ်​သံ​တွေ​နောက်​မှာ အဲ့လူနှစ်​​ယောက်​က အပြိုပြိုအလဲလဲ....။

သူကိုင်​ထားတဲ့ ​ငွေ​ရောင်​သံတုတ်​ရှည်​မှာ​တော့
သွေးနီနီ​တွေက စီးကျလို့....။

အရမ်းလှတာပဲ....​သွေးနီနီ​တွေက။

" ​တောင်းပန်​ပါ​တယ်​.....ငါတို့​တောင်းပန်​ပါတယ်​....မင်းကို အနိုင်​ကျင့်​ခဲ့တာ ​တောင်းပန်​ပါတယ်​ "

" ​တောင်းပန်​ပါတယ်​ကွာ "

လူကုံထံသူ​ဌေးသား​တွေရဲ့ မျက်​နှာ​တွေက ​သွေး​တွေစီးကျ​နေတဲ့ ဒဏ်​ရာ​တွေနဲ့ သိပ်​လိုက်​သားပဲ....။

သူ့နှုတ်​ခမ်း​တွေက ပြုံး​နေတုန်း။

" ထိပ်​​ပြောင်​​ပြောင်​နဲ့ ပထ၀ီဆရာက​ပြောတယ်​ "

" ​မြေဆီလွှာ​တွေက ကမ္ဘာ​မြေကြီးကို အကျိုးပြုတယ်​တဲ့...."

" မင်းတို့​ကော....အကျိုးမပြုချင်​ကြဘူးလား..."

သူ့ ဘ၀မှာနာ​ရေးတစ်​ခုတည်း ​ရောက်​ဖူးတယ်​...။
အသက်​မရှိ​တော့တဲ့ ရုပ်​အ​လောင်း​ကို ​မြေကြီးထဲ ထည့်
မြှုပ်​ကြတာကို ​တွေ့ခဲ့ရတယ်​။

ဒါဆို အသက်​ရှိ​နေတဲ့ လူကို ​မြေကြီးထဲထည့်​မြှုပ်​ရင်​​ကော.....??

ပျော်​စရာ​ကောင်းမယ့်​ပုံဘဲ​.....။

သာမန်​အတိုင်း ညီညာသွားတဲ့ ​မြေပြင်​ကို ကြည့်​ပြီး
လက်​ထဲက ​ပေါက်​တူးကို ​ဘေးကို ပစ်​လိုက်​တယ်​။

နောက်​ပြီး လက်​နှစ်​ဖက်​က လက်​အိတ်​အမဲ​တွေကို ချွတ်
လိုက်​တယ်​။ ​လေပူတစ်​ချက်​မှုတ်​ထုတ်​လိုက်​​ပေမယ့်
ဆောင်းညဖြစ်​တာမို့ ​လေ​ငွေ့​အေး​တွေ ထွက်​လာတယ်​....။

ပြုံး​နေတဲ့ နှုတ်​ခမ်း​တွေကို ​ဖြေ​လျှော့တယ်​။ ဂျာကင်​​ပေါ်က
သဲ​တချို့ကိုခါပြီး အဲ့ဒီ​နေရာက ထွက်​လာတယ်​...။

တစ်​ချို့​သော ​သေဆုံးခြင်း​တွေအတွက်
ကောင်းရာမွန်​ရာ ​ရောက်​ပါ​စေ ဆိုတဲ့ ​ဆု​တောင်းက
မလိုအပ်​ဘူး​လေ.....။

......

" ဒီလ အဆင့်​တစ်​ ၀မ်​ရိ​ပေါ် "

အတန်း​ရှေ့က ဆရာ​ပြောလိုက်​တဲ့ အဲ့စကား​ကြောင့်
တစ်​ခန်းလုံးက ​ကျောင်းသား ​ကျောင်းသူ​တွေက
မ​ကျေမနပ်​သံ​တွေနဲ့....။

" ​နောက်​လူ​တွေလည်း ကြိုးစားကြ "

အတန်းထဲက ထွက်သွားတဲ့ ​​​ဆရာ့မျက်​နှာ​ပေါ်က အလိုမကျမှု​တွေက သိပ်​သ​ဘောကျဖို့​ကောင်းတယ်​။

ဝမ်​ရိ​ပေါ်ဆိုတာ လူတိုင်းကို  ရည်​ရွယ်​ချက်​မရှိဘဲ
အလိုမကျ​အောင်​ လုပ်​မိ​နေတာပဲ....။
သိပ်​အထူးအဆန်း​တော့မဟုတ်​။

သူငယ်​ချင်းအ​ပေါင်းအသင်းမရှိတဲ့ ၀မ်​ရိ​ပေါ်က အတန်းရဲ့
နောက်​ဆုံး​ထောင့်​မှာ ထို်​င်​တယ်​။

ဝမ်​ရိ​ပေါ်က ​အ​နေ​အေးတယ်​။
စာ​တော်​တယ်​။ အနိုင်​ကျင့်​သမျှခံတဲ့ အပယ်​ခံ​လေးဆိုလဲ
မမှားဘူး...။

ဒါ​ပေမယ့်​ ရိ​ပေါ်က ဂရုမစိုက်​ဘူး။
နေမြဲအတိုင်း​နေတယ်​....။

" ဒီ​နေ့ဆရာအသစ်​​ရောက်​မယ်​တဲ့...."

အတန်းထဲက ​ကျောင်းသူတစ်​ချို့​ပြော​နေတာကို ရိ​ပေါ်
ကြား​တော့ နှုတ်​ခမ်း​တွေက လိုက်​လိုက်​လှဲလှဲပြုံးတယ်​။

ဒါက ရိ​ပေါ် ဖြစ်​​စေချင်​တဲ့ ဆန္ဒပဲ။

ဆရာအသစ်​ဆိုတဲ့လူက အတန်းထဲ ၀င်​လာတယ်​။

ရှည်​လျားတဲ့အရပ်​က​တော့ အားကျချင်​စရာ​ကောင်းတယ်​။
တစ်​တန်းလုံးက မှတ်​ချက်​​ပေးတယ်
ဆရာအသစ်​က အရမ်း​ချောတယ်​တဲ့။

ရိ​ပေါ်က​တော့ အဲ့ဒီမှတ်​ချက်​ကို ငြင်းတယ်​...။

ုမြင်​လိုက်​တဲ့ တဒင်္ဂမှာပဲ
အဲ့ဒီ ဆရာဆိုတဲ့လူက သိပ်​စွဲလမ်း​စေတာပဲ....။

အင်း....ဒီဆရာကို​တော့
သူသ​ဘောကျတယ်​....။

.............................

စွဲလမ်းသွားခြင်း​နဲ့ စပြီး
ပိုင်​ဆိုင်​ရခြင်းနဲ့ အဆုံးသတ်​ချင်​တဲ့
အတ္တ​လေးက သိပ်ရိုးရှင်းပါတယ်​....။

.............................

Douleurs Rouges  [ Completed ]Where stories live. Discover now