သႂကၤန္အရသာ-(Part 2)

377 41 2
                                    

[Unicode]သင်္ကြန်အကျနေ့-
ညနေပိုင်း‌လောက်တွင် ရဝေတစ်ယောက် ရှပ်အကျႌအပွ ဘောင်းဘီတိုတစ်ထည်ကို ဝတ်ကာ အခန်းအပြင်ထွက်လာ၍ အမေဖြစ်သူ မျက်လုံးပြူးသွားရသည်။

"ဟဲ့ သား! ဘယ်သွားမလို့တုန်း ! "

အမေမှ အထူးတဆန်းမေးသော်လည်း ရ‌ဝေမှ ပြုံးသာပြုံးပြပြီး အိမ်အောက်ဆင်းသွားလေ၏။ထို့နောက် ရေပုံးတစ်ခုကိုဆွဲယူကာ ရေကန်ထဲမှ ရေများကို ခွက်နှင့်ခပ်ထည့်လေသည်။ သူ့လုပ်ရက်ကြောင့် အမေဖြစ်သူ တငေါင်ငေါင်နှင့် လိုက်ကြည့်နေ၏။

"သား အဲ့ဒီရေတွေကို ဘာလုပ်မလို့တုန်း! "

*ဘာလုပ်ရမှာလဲ! ဟိုကောင့်ကိုရှာပြီး ရေလောင်းမလို့ ! ဒီကောင် ဒီအချိန်ဆို ထွက်လောက်ပြီ *

စိတ်ထဲ၌ကျိတ်ကြံနေသော်လည်း နှုတ်ကတော့ လျှောက်ညာပြောလိုက်၏။

"ရွာထဲက ပန်းပင်တွေ ရေလောင်းမလို့! "

ပြောပုံဟာလည်း အချိုးမကျလှ၍ သူ့အမေအံ့ဩသွားလေရဲ့။

"ဟေ ! ရွာထဲက ပန်းပင်တွေကို သားကဘာလို့ ရေသွားလောင်းမှာတုန်း ? "

ဆင်ခြင်ပေးတာ မှားသွားပြီမို့ ရဝေ သူ့ခေါင်းကို သူပြန်ရိုက်ချင်ပါတော့သည်။

"မဟုတ်ဘူး! ဟိုဟာ သားမနေ့က တရားနာသွားတော့လေ! လူသွားနည်းတဲ့လမ်းမှာ အပင်တွေညိုးနေတာတွေ့လို့! အဲ့ဒါ သွားလောင်းမလို့ ! "

ပေါက်တောက်ကရတွေ ဉာဏ်ဆင်ပြီး ရဝေလျှောက်ပြောရင်း အမေ့ကို သွားကြီးဖြီးပြကာ တက်တက်ကြွကြွနှင့် ရေပုံးကိုင်ပြီး ထွက်သွားတော့သည်။

"အကိုကြီးရေ! ရှင့်သား စိတ်မှမှန်သေးရဲ့လား? လမ်းထိပ်ကအပင်တွေ ရေသွားလောင်းမယ်တဲ့တော် ! "

ပုံမှန်မဟုတ်တဲ့သူ့လုပ်ရက်ကြောင့် မိဘတွေပင်အံ့ဩကြရသည်။ အဲ့ဒီလို သူ့စိတ်ကို ပြောင်းလဲပေးလိုက်သော သင်္ကြန်ရေလောင်းလိုက်သည့် ထိုကောင်လေးအား ရဝေ ရှာပုံတော်ထွက်ခဲ့ပါတော့သည်။

*တွေ့မယ် ! မင်း ရောက်နေလောက်ပြီပေါ့ ! မင်းက ကောင်မလေးတွေကိုအလစ်သုတ်ခ‌‌ျိန် ငါမင်းကိုအလစ်သုတ်မယ် ဟားဟား ! *

Short Stories (By Layaung Linn)Where stories live. Discover now