အပေါ်ထပ်က ရှင်းအခန်းထဲရောက်တော့ မမဧကရီ က သုံးရမည့်ပစ္စည်းများကို တစ်ခုခြင်းစီ ရှင်းပြလေသည်။

"ရော့ အသားအရည်နဲ့လိုက်ပြီးဝယ်လာ‌‌ပေးတာမို့တည့်မှာပါ မနက်ဆိုရင် toner သုံးပြီး suncreamသုံး ဒီ moisturizerသုံး နောက် ဒီ bbလိမ်းသုံးပြီး suncreamသုံး နောက် ဒီ bbလိမ်း နှုတ်ခမ်းနီတို့ ဘာညာတို့တော့ သိတယ်မလား
ညဆို မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်နော် မျင်နှာသစ်ပြီး toner လိမ်း ပြီးရင် essence ပြီးရင် ဒီ sleeping maskသုံး
Tonerက ဂွမ်းနဲ့သုံးနော်
တစ်ပတ်နှစ်ခါ clay maskသုံး နောက် scrubက တစ်ပတ်တစ်ခါ ဆားဝက်ခြံကပ်ခွာလဲ တစ်ပတ်တစ်ခါလောက်သုံး
Body lotionနဲ့ suncreamက နေ့တိုင်းသုံးနော် အပြင်ကထွက်နေရမှာပဲကို
နေပါဦးဟယ် ငါပဲ အမှတ်သားလုပ်ပေးခဲ့တော့မယ်
မြန်မာဝတ်စုံတွေက အမြန်ချုပ်ထားတာမို့ နောက်၁၀ရက်ဆိုရလိမ့်မယ် သွားယူလိုက် ဒီစံမြန်းလေးတွေနဲ့ ထမီ ဗြောင်လေးတွေနဲ့ဝတ် "

"ကျေးဇူးပါမမ မမသာ လိုက်မဝယ်ပေးရင် ရှင်းဘာမှ မသိဘူးရယ် "

"ရပါတယ် ညီမလေးရယ် မမလိုက်လုပ်ပေးနေတယ်ဆိုတာကလဲ ရှင်းမမကိုရော ရှင်းကိုရောချစ်လို့ပါ ချစ်လို့လိုက်လုပ်ပေးတာဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်မပြောနဲ့ ဟုတ်ပြီလား"

" ဟုတ်ကဲ့မမ"

ထမင်းစားပြီးနောက် မမဧကရီပြန်သွားသည်။

"ကိုယ့်ကိုကိုယ် ဂရုစိုက်ကြတာပေါ့
ကိုယ့်ကိုကိုယ်ချစ်ကြည့်တာပေါ့"

ပင်ပန်းလာတာမို့ skin careပြီး အိပ်ပျော်သွားသည်။

မနက်ကျတော့လဲ အိပ်ယာထပြီး ကျောင်းကို ဝရုန်းသုံးကား ပြေးရပြန်သည်။

Global တစ်ချိန်၊ Syntacticတစ်ချိန်၊ paper 1တစ်ချိန် တတ်ပြီးထမင်းစားချိန်ရောက်လာသည်။

ထမင်းစားနေရင်း သုံးယောက်သားတစ်ကျိကျိနဲ့

"ပန်းရီရဲ့ နင်ပြောပါဆို နင်ပြောရင်ရမှာကို "

"ငါလဲပြောတယ် စုလင်းရဲ့ မရတာကို"

"သူက ငါတို့နဲ့ ဘယ်လိုလုပ် friဖြစ်နေတာလဲ"

"မသိဘူး နှင်းသက် ငါလက်ခံလိုက်တော့ သူက ပန်းရီနဲ့ friဖြစ်နေပြီ"

မမWhere stories live. Discover now