သက်တံဆီသို့ (Unicode)

Start from the beginning
                                    


"ဒါကျွန်တော်တို့ဖွင့်ထားတဲ့Pageလေ.."


ကျွန်တော်လှမ်းကြည့်လိုက်တော့ ကျွန်တော်နဲ့မရင်းနှီးပေမယ့်လို့ ညီမလေး Shareတဲ့ Postတွေထဲ မြင်ဖူးတွေ့ဖူးသလိုတော့ရှိသည်။ကွန်ပျူတာမျက်နှာပြင်က postတွေက ညီ့လက်ချောင်းတွေရဲ့ထိန်းချုပ်မူအောက်က မောက်စ်ကလစ်လေးပေါ်မူတည်ပြီး အပေါ်တက်လိုက် အောက်ဆင်းလိုက်။ ညီတို့လူငယ်တွေ သီးသန့်ဖွဲ့ထားတဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို ညီကအားတက်သရော ကျွန်တော့်ကို ပြသည်။ ထိုအချိန်မှာ ညီ့ရဲ့မျက်ဝန်းတွေက တဖျတ်ဖျတ်လက်လျက်။


"နောက်လထဲမှာ ကျွန်တော်တို့ လှည်းတန်းစင်တာမှာ ပွဲတစ်ပွဲလုပ်ဖို့ရှိတယ်။"


"အင်း.."


ညီပြောသမျှကို ကျွန်တော် အင်းဟုသာပြောနေမိသည်။ ကျွန်တော်သည် LGBTကို အကြီးအကျယ် ရူံ့ချတဲ့အထဲ မပါပေမယ့် အားပေးလက်ခံပေးသူထဲတော့ မပါ။ LGBT နှင့်ပတ်သက်တဲ့ အရာတော်တော်များများသည် ကျွန်တော်နှင့် အစိမ်းသက်သက်။


"အစ်ကို့ကိုလာလို့ရရင်လာခဲ့.."


ညီ့စကားစသည် ရပ်တန့်လို့သွားခဲ့သည်။ ညီ့မျက်နှာနှင့် ကျွန်တော့်မျက်နှာအကွာအဝေးသည် လက်တဖဝါးစာတောင် မကွာတော့သည့်အနေအထား။ညီကလည်း လှည့်အကြည့်၊ ကျွန်တော်ကလည်း ညီ့ကိုစိုက်ကြည့်နေတာနှင့် တန်းကိုတိုးတော့တာဘဲ။ မရှက်တမ်းဝန်ခံရလျှင် ညီ့ကွန်ပျူတာပေါ်က ညီပြတဲ့စာတွေ Postတွေထက် ကျွန်တော့်ရှေ့က ညီကပိုစိတ်ဝင်စားစရာကောင်းနေခဲ့တာလေ။ရုတ်တရက်မို့ထင်သည်။ ညီကြောင်စီစီနှင့် ကျွန်တော့်ကိုငေးစိုက်ကြည့်နေသည်။ သောက်သုံးမကျစွာနှင့်ပင် အရင်မျက်နှာလွှဲသွားခဲ့သူသည် ကျွန်တော်ဘဲ ဖြစ်နေခဲ့သည်။ မဆီမဆိုင် ချောင်းပါ တစ်ချက်ဟမ့်လိုက်မိသေးသည်။


"အင်း...ကျွန်တော်မေ့သွားတာ။ အစ်ကိုအလုပ်တွေနဲ့ ဘယ်လာနိုင်ပါ့မလဲ။ပြီးတော့ အစ်ကိုက မြန်မာမှာလည်း မဟုတ်ဘူးလေ။"

🎉 You've finished reading သက္တံမွသည္ သက္တံဆီသို႔ (သက်တံမှသည် သက်တံဆီသို့) 🎉
သက္တံမွသည္ သက္တံဆီသို႔ (သက်တံမှသည် သက်တံဆီသို့)Where stories live. Discover now