( 1 )
ကျွန်တော့ချစ်ခြင်းတွေက ချည်နှောင်ထားခဲ့သည်လား...
မသိပါ။
သို့ပေမဲ့ ညီ့ကို စိတ်မရှုပ်စေချင်ခဲ့တာကတော့ ကျွန်တော့်စိတ်ရင်းမှန်။
သိပ်လှပတဲ့ အမှတ်တရတွေ ပိုင်ဆိုင်ခဲ့ရသည်။
ဆုံးရှုံးလိုက်ရသည်(သို့)ရင်းလိုက်ရသည်ကတော့ ကျွန်တော့အချစ်တွေနဲ့ နှလုံးသား။
ညီနဲ့အတူ ရှိနေသမျှ အတိတ်တွေက လှပခဲ့သည်...။
အခုချိန်မှာတော့ ထိုင်လွမ်းနေရုံသာ တတ်နိုင်တော့သည်။
မုန်းတယ်လို့ ကိုယ့်ကိုကိုယ် အမြဲလိမ်နေခဲ့ပေမဲ့...သတိရနေခဲ့တာ ကိုယ်ပဲ သိသည်။
"ထွက်သွားတဲ့အတွက် ညီ့ကို စိတ်နာလား" လို့ မေးခွန်းအပေါ် ကျွန်တော် ပြုံးပြရုံသာ တတ်နိုင်ခဲ့သည်။
April 8,2020.
Louis
