Part 20(Zawgyi&Unicode)

Start from the beginning
                                    

'ကိုမြတ်ကို ကိုယ်အဲ့နေ့က ပြောခဲ့ ပြီးသား စချစ်ကတည်းက စောက်ရူးထနေလို့ မဟုတ်ဘူးဆိုတာ ကိုမြတ်က အခု ကိုယ်နဲ့ စကားပြောချင်တယ်ဆိုတာ အရင်လို ဆက်ဆံရေး ပြန်ရအောင် ကိုယ့်ကို နားချမလို့လား ကိုယ် အဆုံးစွန်ထိ ပြောခဲ့ပြီးသားနော် ကိုမြတ်ရော ကိုယ်ရော အဲ့အခြေအနေပြန်သွားကြမယ်ဆိုရင်တောင် ဘာမှမဖြစ်ခဲ့သလို ပြန်နေနိုင်မယ်ဆိုတာ သေချာလား'

'.....'

'ခင်ဗျားကလေ တစ်ကိုယ်ကောင်းသိပ်ဆန်တယ် သိလား ပြောခဲ့ပြီးပေမယ့် ထပ်ပြောချင်တာက ခင်ဗျားက တစ်ကိုယ်ကောင်း သိပ်ဆန်တယ်ဆိုတာပဲ အခု ကိုယ်ပြောနေသလိုမျိုး အရင်အခြေအနေအတိုင်း ပြန်ရောက်တဲ့ အခါ အရင်လို စိတ်ရှင်းနိုင်မယ်လို့ ခင်ဗျားက ထင်နေသေးတာလား ပြီးတော့ အခုရော အခုချိန်မှာ ခင်ဗျားရှေ့မှာ လာထိုင်နေတာ စောက်ရမ်းအဆင်ပြေနေတယ် ထင်နေလား ဘာမှ မဖြစ်သလို ဟန်ဆောင်နေရတာ သိပ်လွယ်တယ် ထင်လား ခင်ဗျားရှေ့မှာကိုယ် ပြိုလဲနေတာကို ပြရတာ တစ်ကြိမ်နဲ့ မလုံလောက်ဘူးလား ထပ်ပြိုလဲ ပြနေရဦးမှာလား'

သွေးခန့်ရဲ့ နာနာကျင်ကျင်စကားတို့ကို မင်းမြတ် ဆက်နားထောင်နိုင်စွမ်းမရှိတော့ ... ခုလိုဖြစ်နေရလောက်အောင်ထိ တန်လို့လား သွေးခန့်ရယ်လို့ မင်းမြတ် တွေးမိသည်။ အခုမျက်နှာချင်းဆိုင် သွေးခန့်နဲ့ ပြန်တွေ့ရချိန်မှာ မင်းမြတ် သိရတာက ကိုယ်ဘက်က အတားအဆီးတွေက ယိုင်နဲ့နဲ့ ဖြစ်နေတယ်ဆိုတာ ... သေလောက်တယ်ဆိုတဲ့ နာကျင်စရာ စကားတွေကို ပြောထားခဲ့တာလဲကိုယ် ... ခုကျမှ သွေးခန့် နာကျင်နေတာကို မကြည့်ရက်ပြန်တာလဲ ကိုယ် ... နောက်ဆုံးတွေ့ခဲ့တဲ့ နေ့တုန်းကလဲ မိမိစကားတွေကြောင့် သွေးခန့် နာကျင်ခဲ့ရတာလည်း သိပေမယ့် မင်းမြတ်လဲ သွေးပူနေတော့ ဘာမှ မတွေးနိုင်ခဲ့ ...

'ငါက အဲ့လောက်ထိ ထိုက်တန်နေလို့လား'

မမေးဘူးဆိုပြီး စိတ်ထဲထားထားတဲ့ စကားတစ်ခွန်းကို မင်းမြတ် ထုတ်မေးမိသည်။ မင်းမြတ် အမေးစကားအဆုံးမှာ မင်းမြတ်ကို သွေးခန့်က ခနဲ့ပြုံး ပြုံးပြီး ကြည့်လာသည်။

'ထိုက်တန်တယ် မတန်ဘူးလို့ ကိုယ်ပြောခဲ့လား ကိုယ့်ဘက်က ဘယ်လို သတ်မှတ်ထားတယ်ရော သိခဲ့လို့လား ဒါတွေတောင် ဘာမှ မသိခင် ကိုယ့်ကို တူးခါးနေအောင် ငြင်းခဲ့တာ ခင်ဗျား မဟုတ်ဘူးလားဗျာ'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now