I don't like him

13.6K 954 18
                                    

(Unicode)

ဘုတ်... ဘုတ်.. ဘုတ်..

ကျွီ.....

.
.

"ဝေး......."

Beacon High  36  - 34    Haitian High

ချွေးများဖြင့်စိုရွှဲနေသော Beacon high Basket ball အသင်းမှ အသင်းသားများ လက်ဝါးရိုက်ကာ အောင်ပွဲခံလျက်ရှိသည်။
နေရာမှာ Beacon High School ၏ basket ball ကွင်း အနိုင်အလုံးကိုပစ်လိုက်သူမှာ Baecon basket ball အသင်း၏ Leader

"ဝမ်ရိပေါ်"

"ဟူး..." ထင်ထားပြီးသားရလဒ်ဖြစ်သော်လည်း စိတ်လှုတ်ရှားစရာကောင်းလွန်းလှသော ကစားပွဲကြောင့် အနိုင်ဂိုးမရမချင်း ရှောင်ကျန့်စိတ်မအေးနိုင်ပဲ ပွဲပြီးမှာသာ သက်ပြင်းချနိုင်တော့သည်။
Beacon High ၏ အသင်းသားများသည်ပြိုင်ဘက်အသင်းနှင့် ပွဲပြီး၍ လက်ဆွဲနှုတ်ဆက်လျက်ရှိသည်။ Beacon high school သည် Shanghai တွင် အကြီးဆုံးအထက်တန်းကျောင်းဖြစ်ကာ ကစားကွင်းမှာလည်း ကျယ်ပြောလှသောကြောင့် ကျောင်းပေါင်းစုံပြိုင်ပွဲများလာ၍ ကျင်းပလေ့ရှိသောနေရာတစ်ခုဖြစ်သည်။ ယခုပွဲမှာ semifinal ဖြစ်ကာ ပြိုင်ဘက်အသင်းမှာလည်းလက်ရည်တူ၍ Final ပွဲတွင်တွေ့ရမည့်ပြိုင်ဘက်အသင်း၏လက်ရည်မှာ ပို၍ပင်စိတ်လှုပ်ရှားစရာကောင်းတော့မည်။

ဝမ်ရိပေါ်၏ အညိုရောင်ဆံပင်အရှည်ကိုစည်းထားကာ Basketball ဝတ်စုံနှင့် တကိုယ်လုံးချွေးများစိုရွှဲနေသည်မှာ ကောင်မလေးများကျရှုံးရသောသူ့ရဲ့ charm တစ်ခုပင်
Basketball အကြောင်းကိုနားလည်သူကနည်းနည်း သူတို့အဖွဲ့မှ အချောလေးများကိုငမ်းချင်၍လာကြည့်သူကများများ တချို့များဆို မှန်ဘီလူးကြီးကြီး Camera များဖြင့် တဖြတ်ဖြတ်နဲ့ အားရပါးရရိုက်နေလိုက်ကြသည်မှာ...

ရှောင်ကျန် ထိုမိန်းကလေးအဖွဲ့ကိုလှည့်ကြည့်ကာ ခေါင်းခါ၍ သက်ပြင်းထပ်ချမိသည်။

"ဟင်း..."

ပြန်လှည့်လာချိန်တွင် ရေကိုမော့သောက်နေရင်း သူ့ကို မျက်လုံးထောင့်မှ ခပ်စိမ်းစိမ်းလှမ်းကြည့်နေသော ဝမ်ရိပေါ်နဲ့ အကြည့်ချင်းဆုံလေတော့သည်။

"Shit..."
ရှောင်ကျန့်ခေါင်းကိုအမြန်ငုံ့လိုက်ရသည်။

ဝမ်ရိပေါ် သူ့ကိုအကြည့်မပျက် ရေသောက်ပြီးသော် တချက်ပြုံးလိုက်သည်လားမသိ
ရှောင်ကျန့်အမြန် မျက်နာလွှဲကာ ထထွက်လာရသည်။

Orange Where stories live. Discover now