Part 17(Zawgyi&Unicode)

Start from the beginning
                                    

မင်းမြတ်နဲ့ သွေးခန့်တို့ ရောက်နေတဲ့ နေရာက ကန်တော်ကြီးထဲမှာတောင် လူသိပ်မလာတဲ့ ထင်းရှူးတော အတွင်းဘက် ဖြစ်တာကြောင့် သူတို့ကို ဘယ်သူမှ မမြင်နိုင် ... သူတို့ ပြဿနာကိုလဲ ဘယ်သူမှ မကြားနိုင်တာ တော်သေးသည်ပြောရမည်။

'တကိုယ်ကောင်းဆန်လိုက်တာ ခင်ဗျားရယ် ဒီလို အခြေအနေထိ ကိုယ်က ဖွင့်ပြောထားပြီးကာမှ ခင်ဗျားက လက်မခံတော့ အရင်အခြေအနေအတိုင်း ပြန်နေရအောင် ကိုယ်က စောက်ရူးလား ပြီးတော့ အရင်အခြေအနေအတိုင်း ဘာမှမဖြစ်ခဲ့သလို ပြန်နေနိုင်မယ် ထင်နေသေးတာလား ... အဟက် မထင်ရဘူးနော် ခင်ဗျားက တကိုယ်ကောင်းသိပ်ဆန်တယ်ဆိုတာ'

'မင်းတော်သင့်ပြီနော် သွေးခန့် !!!'

ဒေါသတို့ အရင်းခံခြင်းရဲ့ နောက်မှာ ပြောနေကြတဲ့ နှစ်ယောက်သားရဲ့ စကားသံတွေက တဖြည်းဖြည်း ပြင်းထန်လာသည်။ မင်းမြတ်အနေနဲ့လဲ ဒီလို အခြေအနေကြီးကို လုံးဝလက်မခံနိုင် ... အခုခေတ်ကာလနဲ့ လိင်တူချစ်သူတွေ ရှိတာကို မင်းမြတ်အနေနဲ့ မသိတာမဟုတ် ... သူငယ်ချင်းဖြစ်နေတဲ့ သူသူ ကိုယ်တိုင်က fujoshi တစ်ယောက်ဖြစ်နေတာကြောင့် ဒီလို ကိစ္စတွေရှိတာ သိသင့်သလောက် သိထားသည်။ မင်းမြတ်က အားပေးတဲ့ သူထဲလဲ မပါသလို ထောက်ခံတဲ့သူလဲ မဟုတ် ... အခုက မင်းမြတ် ကိုယ်တိုင် ကြုံလာရမယ်လို့လဲ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူး ...

'ခင်ဗျားကတော့ ဘယ်သိမလဲ ခင်ဗျားကို ဖွင့်ပြောရင် ခင်ဗျား လက်မခံတာသိတယ် ဒါပေမယ့် တဖြည်းဖြည်းချင်း လက်ခံလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားနားမှာပဲ နေနေခဲ့တယ်ဆိုတာ ဘယ်အရာမှ စောက်ဂရုမစိုက်တတ်တဲ့ ကိုယ်က ခင်ဗျားကိုဆို ဘာမှ အထိခိုက်မခံချင်တာ ခင်ဗျားဒါတွေ မမြင်ဘူးလားဗျာ'

'......'

ကြေကွဲရိပ်သန်းနေတဲ့ သွေးခန့်ရဲ့ မျက်ဝန်းတွေကို မင်းမြတ် ဆက်မကြည့်နိုင်တော့ ... မိမိရှေ့မှာ အလဲလဲ အပြိုပြိုစကားတွေနဲ့ ပြောနေတာကိုလည်း ဆက်နားမထောင်ချင်တော့ ... သွေးခန့်ရဲ့ စကားတိုင်းကို ပြန်လည်တုန့်ပြန်ဖို့လဲ မင်းမြတ် စကားမရှိတော့ ... ဟင့်အင်း မသိတာ ... မင်းမြတ်သိတာက သူနဲ့ သွေးခန့်က လုံးဝမဖြစ်နိုင်ဘူးဆိုတာ ...

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now