Part 17(Zawgyi&Unicode)

Start from the beginning
                                    

'.....'

'ခင်ဗျားကို ကိုယ် စောက်ရမ်းချစ်တယ် ဆိုတာ ခင်ဗျားသိလား ခင်ဗျားကိုပဲ အမြဲ ကြည့်နေခဲ့တာကို ခင်ဗျား မသိတာလား မသိချင်ယောင် ဆောင်နေတာလား ဒါမှမဟုတ် လုံးဝမသိနိုင်လောက်အောင် တုံးအနေတာလား ခင်ဗျား '

မထင်မှတ်ထားတဲ့ စကားတွေနဲ့ မခေါ်ဖူးတဲ့ အခေါ်အဝေါ်တစ်ခုကို သွေးခန့်ဆီက ကြားရတာမလို့ သွေးခန့်လက်တွေကနေ ရုန်းထွက်ရင်း မင်းမြတ်ခေါင်းကို အတင်းရမ်းမိသည်။ ရုန်းနေပေမယ့်လဲ မြဲမြံနေတဲ့ လက်တွေကနေ မလွှတ်ထွက်နိုင် ... မဟုတ်ဘူးလေ မဟုတ်ဘူး သွေးခန့် ဘာတွေ ပြောနေတာလဲ သူတို့ တွေက သူငယ်ချင်းတွေ ... ခုလိုမျိုး သူလို ကိုယ်လို ယောက်ျားတစ်ယောက်ဆီက ဒီလို စကားပြောခံနေရတာကို မင်းမြတ် လုံးဝ လက်မခံနိုင် ...

'ဒီမှာ ကိုမြတ် ခင်ဗျားကို အားလို့ ယားလို့ facebook မှာ စ add ပြီး စကားစ ပြောခဲ့တယ် ထင်နေတာလား ဒါတွေ အကုန်လုံးရဲ့အစက အရင်ကတည်းက ကိုယ်က ခင်ဗျားကို အရမ်းချစ်တာဗျ'

'မဟုတ်ဘူး သွေးခန့် မင်းငါ့ကို စကားနဲ့ စော်ကားနေတာ များနေပြီနော် ငါက ယောက်ျားတစ်ယောက်ဆိုတာ မင်းသိထားဦး'

'စောက်ရေးမပါတာတွေ မပြောနဲ့ ခင်ဗျားက ယောက်ျားတစ်ယောက်ဆိုတာ ကိုယ်က မသိဘူးထင်လို့လား သိတယ် သိပ်သိတယ် ကိုယ်ကရော ... ချစ်မိသွားရင် နည်းလမ်းမရှိဘူးဆိုတာ ခင်ဗျားသိလား'

မင်းမြတ် ဆက်နားမထောင်နိုင်တော့တာကြောင့် အားကုန်သုံးကာ သွေးခန့် လက်တွေကနေ အတင်းရုန်းထွက်လိုက်သည်။ သွေးခန့်လက်တွေဆီက လွတ်မြောက်ခွင့်ရတော့ မင်းမြတ် သွေးခန့် မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ပြီး ...

'မင်းက Gay လား'

'ဟ စောက်ရမ်းတွေ ပြောပြန်ပြီနော် ခင်ဗျား အေးပေါ့ ခင်ဗျားပြောသလို Gay ပေါ့ အဲ့တာ ခင်ဗျားတစ်ယောက်ထဲအတွက် Gay ဖြစ်နေတာ နားလည်လား'

'မင်း Gay နေတိုင်း ငါ Gay မဟုတ်ဘူး သွေးခန့် နောက်လဲ ဖြစ်လာမှာ မဟုတ်ဘူး မင်းငါနဲ့ သူငယ်ချင်း အဖြစ် ထပ်ရှိနေချင်သေးတယ် ဒီစကားတွေကို ဒီမှာ တင်ရပ် ငါဘာမှ မကြားခဲ့သလို ဟန်ဆောင်ပေးမယ်'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now