From the Sky💚 Part(4)

3K 237 42
                                    

#Zawgyi
နူးညံ့တယ်
အိစက်တယ်
ပျော့ပျောင်းတယ်
ငှက်မွှေးလေးတွေပေါ် လှဲအိပ်နေရာသလို ခံစားချက်မျိုး...
လုံးဝ မထချင်နေသော ခံစားချက် မျိုး ဖြစ်ပေါ်နေသော်လည်း ပြတင်းပေါက်တွေမှ တစ်ဆင့်လာရောက်ထိတွေ့တဲ့ နေရောင်စူးစူးကြောင့် မျက်ခုံးတို့ကို အသာတွန့်ချိုးလိုက်ပြီး ထိစပ်နေသော မျက်လွှာနှစ်ခုကို ကြိုးစားဖွင့်လိုက်သည်....

ပထမဆုံး မြင်လိုက်ရတာက မရင်းနှီးတဲ့ အခန်းကြီးတစ်ခု....အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်တော့....ကြည့်လိုက်တော့...

"အမယ်လေး!!!!.... "
ခုံရှည်တစ်ခုပေါ်မှာ ဒူးနှစ်ဖက်ချိတ်ထိုင်နေကာ မတုန်မလှုပ်နဲ့ မိမိကိုယ် စိုက်ကြည့်နေသော ဟိုလူကြီးကြောင့် လိပ်ပြာလွင့်မတတ်လန့်သွားရသည်.......

"လန့်သွားတာပဲ အသံလေးဘာလေး မပေးပဲနဲ့...."

"ငါက အိမ်ရှင်လေ အာ့လိုမျိုးတွေ လုပ်နေရအုံးမှာလား....ဘယ်သူကရော သူများဆီမှာ ကုလားသေကုလားမော အိပ်ပြီး မွန်းတည့်ခန့်နီးမှ ထတာလဲ....."

လူကိုနှိမ်သလိုပြောနေတဲ့ လူကြီးကြောင့် မျက်လုံးကိုမှေးကြည့်လိုက်ပြီး....စိတ်ဆိုးကြောင်းဖော်ပြစေရန် အောက်နှုတ်ခမ်းကို ကိုက်ပြလိုက်ကာ....

"ကျွန်တော်သွားတော့မယ်....တစ်ညတာ ခိုလှုံခွင့်ပေးခဲ့တဲ့အတွက်ကျေးဇူးပဲ...."

ဘယ်လောက်ပင် စိတ်ဆိုးသော်ညားလည်း ပြောသင့်တဲ့စကားမို့ ကျေးဇူးတင်စကားပြောကာ  မွေ့ယာပေါ်မှအသာဆင်းပြီး ဒီနေရာမှ ထွက်ခွာရန် ခြေလှမ်းပြင်လိုက်သည်......

"ပြောတော့ နေစရာအိမ်မရှိဘူးဆို...."
လက်နှစ်ဖက်ကို ပိုက်ကာ ရိပေါ့်နားလျှောက်လာပြီး မေးလာတဲ့သူ့ကြောင့် ရိပေါ့်မှာ နေရာတင် တန့်လျက်....

"):ဟုတ်တယ် မရှိဘူး ဘာလဲ နေစရာပေးမှာလဲ မဟုတ်ပဲနဲ့ သဘောကောင်းယောင်ဆောင်ပြီး မေးမနေပါနဲ့...."

တစ်ခါလေးပဲ အပြစ်ပြောမိပါတယ် လူကိုဆက်တိုက်ရွဲ့နေတဲ့ ကောင်လေးကြောင့် ရှောင်းကျန့် မှာ ရယ်ချင်စိတ်ကိုထိန်းမရ.....

"နေပေါ့ ငါက မင်းကို သနားလို့ ငါ့ရဲ့ကိုယ်ရံတော်လုပ်မလားလို့ မေးမလို့....အဟမ်း ငါက ဒီ ပျင်တိုင်းပြည်ရဲ့ဘုရင်လေ....."
အင်္ကျီစကို အသာ မ'ကာ ဂုဏ်ဝင့်စွာ ကိုယ့်ကိုယ် ကိုပြောလိုက်မိတော့........

From the Sky (​ကောင်းကင်​မှသည်​)Where stories live. Discover now