1🗯

334 17 6
                                    

!ဟိုး...ရှေ့မှာလမ်းကလေး....

"မိုင်လေးရယ်....ရပါပီကွယ် ...ကျောင်းပိတ်တုန်းလေး သက်တောင့်သက်သာနားပါလားကလေးရယ်."

"မေကလည်း..သားကနားတုန်းလေး မေတို့ကို ပြုစုရတာ..မာမီ့ကိုတောင် နှိပ်ပေးခဲ့ပီ နော့...မာမီ"

ဘေးနားက ဆိုဖာခုံမှာ ထိုင်ရင်း စာရင်းဇယားတွေ တွက်ချက်နေတဲ့ မအေဖြစ်သူ ဒေါ်ပန်းအိမ်ကို မျက်ခုံးလေးပင့်ကာ အကူခေါ်နေတဲ့ မိုင်လေး....

"ဟုတ်ပ သီရယ် ဒါလေးက အားတုန်းခိုင်းရတာ ခိုင်းစမ်းပါရှင်.."

"အမလေး..မခိုင်းရက်ပါဘူး...ကျွန်မသားဖြူဖြူနုနုလေးကို"

ဒေါ်ခိုင်ခိုင်သီတယောက် သူ့ခြေရင်းတွင် ဒူးလေးတုပ်ပီး ခြေဖမိုးအား ဆေးလူးနှိပ်နယ်ပေးနေသော မိုင်လေး၏ ဆံသားပွယောင်းယောင်းလေးများကို ဖွလိုက်ကာ....ပြောမိခြင်း....

'မိုင်' တဲ့ သူမဝမ်းနဲ့လွယ်မွေးခဲ့တာ မဟုတ်ပေမဲ့ ရင်နဲ့အမျှ ချစ်ရတဲ့ ကလေးလေး......အချစ်ဆုံးသူငယ်ချင်းရဲ့သားမို့...ငယ်ငယ်ပေါက်စကတည်းက ကိုယ့်လက်ပေါ်မှာ ကြီးလာခဲ့တာ.....

မိုင်က မအေဖြစ်သူ ပန်းအိမ်အတိုင်း ဖြူဖွေးနုဥနေတာက မထိရက်စရာ.....နှာခေါင်းလုံးလုံးတေအစ ပန်းရောင်နှုတ်ခမ်းဖူးဖူးလေးတွေအဆုံး..မအေဆီက အကုန်အမွေရထားတော့..... မိန်းမချောချောနေတာမဆန်း.... အူယားစရာအကောင်းဆုံးက ညိုဖျော့ဖျော့ မျက်ဝန်းလေးတွေရဲ့ အောက်မျက်ခမ်းစပ်က မှဲ့အနက်လေး.....

ပန်းအိမ်နဲ့ သူမကငယ်ငယ်ကတည်းက ကျောင်းနေဖက်တွေ ဖြစ်သလို အိမ်ထောင်ရက်သားပြုကြတော့လည်း လင်ယောကျာ်းတွေက စီးဖွားဖက်ပါတနာတွေ.....ဒီလိုနဲ့...သူမတို့ရေစက်က မပြတ်တောက်ခဲ့......

ပန်းအိမ်ကလဲ မိုင်လေးကို မွေးခဲ့သလို သူမလဲ သားလေးတယောက် ထွန်းကားခဲ့တယ်...သားလေးကလေ...မိုင်လေးကိုသိပ်ချစ်တာ...မိုင်လေးနဲ့စိတ်ဆိုးရန်ဖြစ်လာတဲ့နေ့တွေဆို အိမ်မှာ ခြေဆင်းငိုလို့ မပီး..

သို့ပေမဲ့.......ကံဆိုသည်မှာလဲ အမြဲ မျက်နှာသာမပေး....အရာရာ ချောမွေ့ ပျော်စရာကောင်းနေခဲ့တဲ့ သူမတို့သူငယ်ချင်းနှစ်ယောက်ဘဝဟာ ပြိုင်တူ မှေးမှိန်ခဲ့ကြရသည်......

ဟိုး...ရှေ့မှာလမ်းကလေး(Zawgyi+Uni)(haitus)Where stories live. Discover now